iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၄ ခုနှစ်က မိဘများစုံရာ စေ့စပ်ပွဲ ကျင်းပခဲ့တဲ့ သရုပ်ဆောင် ကောင်းခန့် ရဲ့ မင်္ဂလာပွဲကိုတော့ မကြာခင် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီ မင်္ဂလာပွဲအတွက်လည်း ဆွေးနွေး တိုင်ပင်နေကြပြီလို့ သူရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

" သူက အနုပညာလောက မဟုတ်ပေမယ့် ကျွန်တော့အပေါ်မှာ နားလည်မှုတွေ အများကြီးရှိတဲ့ အမျိုးသမီး တစ်ယောက်ပါ။ မင်္ဂလာပွဲကျင်းပဖို့ အနားနီးရင်တော့ ပရိသတ်တွေကို ကြိုတင် အသိပေးသွားမှာပါ။ လောလော ဆယ်မှာ တိုင်ပင်နေတုန်းပါ။ မင်္ဂလာပွဲကတော့ နီးနေပါပြီ" လို့ သူက ဆိုပါတယ်။

ကောင်းခန့်နဲ့ ရူပတို့က ချစ်သူသက်တမ်း ရှစ်နှစ်ရှစ်လပြည့်တဲ့ နေ့မှာဘဲ နှစ်ဦးနှစ်ဖက် တိုင်ပင်ကာ စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။



Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top