iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား နာမည်ကျော်သရုပ်ဆောင်များ ဖြစ်သော ရိန်းနှင့်ကင်ထယ်ဟီးတို့ စုံတွဲသည် ဂျယ်ဂျူကျွန်း၌ အနား ယူနေသည်ဟု သတင်းတစ်ခုက ဖော်ပြပြီးနောက် ၎င်းတို့စုံတွဲ သည် မိသားစု၊ မိတ်ဆွေများနှင့် အတူ ဂျယ်ဂျူကျွန်းသို့ နှစ်ညအိပ် သုံးရက်ခရီး ထွက်သွားသည်ဟု ရိန်း၏အေဂျင်စီ တာဝန်ရှိသူက အတည်ပြုပြောကြားသည်။

‘‘ဂျယ်ဂျူခရီးစဉ်ပြီးတဲ့ နောက် ရိန်းဟာ မေလ ၁၉ ရက်မှာ မလေးရှားနိုင်ငံကို ဖျော်ဖြေရေး ခရီးသွားဖို့ရှိပါတယ်။ ဒါကြောင့် သူတို့တွေ အနားယူဖို့ ခရီးထွက် တာဖြစ်ပါတယ်။ ထူးထူးခြားခြားအကြောင်းပြချက်တော့ မရှိပါ ဘူး။ သူတို့နှစ်ယောက်လုံး အလုပ်များနေလို့ လက်ထပ်ဖို့ ဆွေးနွေး တာမျိုး မရှိသေးပါဘူး’’ဟု တာဝန်ရှိသူက ပြောသည်။

ရိန်းတို့စုံတွဲသည် မိသားစု နှင့်အတူ မေလ ၁၅ ရက်တွင် ဂျယ်ဂျူကျွန်းသို့ ခရီးထွက်သွား ကြောင်းနှင့် လူထူထပ်ရာနေရာ များသို့မသွားဘဲ သီးသန့် အနားယူခဲ့ကြောင်း အစောပိုင်း သတင်း တစ်ခုက ဖော်ပြခဲ့သည်။

ရိန်းနှင့် ကင်ထယ်ဟီးသည် ၂၀၁၃ ဇန်နဝါရီတွင် ချစ်သူများ ဖြစ်နေကြောင်း အတည်ပြုပြော ကြားခဲ့သည်။ ၎င်းတို့နှစ်ဦး၏ ကျော်ကြားမှုနှင့် အသက်အရွယ် ကြောင့် အိမ်ထောင်ပြုမည့် ကောလာဟလ သတင်းများ မကြာခဏထွက်ရှိခဲ့သည်။ သို့ရာတွင် ၎င်း အိမ်ထောင်ပြုမည့်သတင်းကို ပရိ သတ်များအား တိုက်ရိုက်ပြော မည်ဟု ရိန်းကဆိုသည်။

Credit: 7 Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top