iMyanmarHouse.com - Best Property Website for Myanmar
×

၁ - သူဆီက အပျော်တွေ ဘယ်လိုရနိုင်မလဲဆိုတာကိုပဲ သင်က အာရုံစိုက်တယ်။ မှီခိုတယ်၊ ချုပ်ကိုင်တယ်။ ကိုယ်ပြဿနာတွေကို ကိုယ်ကိုယ်တိုင် ရင်ဆိုင်မယ့်အစား သူ့ကို အသုံးချပြီး ကိုယ်ကိုယ့်ကိုယ် အထင်ကြီးအောင်လုပ်တယ်။ သူ့ကို အသုံးချပြီး သင့်မှာ ရှိတဲ့ ကွပ်လပ်တွေကို ဖြည့်ဆည်းတယ်။

၂ - သူရဲ့ခံစားချက်ကိုထည့်မတွက်ဘဲ သူ့အပြုအမူတွေကို ချုပ်ကိုင်ဖို့ ကြိုးစားတယ်။ သူ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာကို အမြဲဆူပူနေတာမျိုး။

၃ - ကိုယ့်ပြဿနာကို ကိုယ်မရှင်းဘဲ တစ်ဖက်လူပေါ် မလိုအပ်ဘဲ မှီခိုလွန်းတယ်။ ဒီအခါ နှစ်ဦးသားဆက်ဆံရေးဟာ တိုးတက်မှုမရှိတော့ဘူး။ နှစ်ဦးသားဆက်ဆံရေးဟာ အနှောင့်အယှက်ကင်းကင်း မရှိတော့ဘူး။

၎ - သူနဲ့ပြတ်သွားတဲ့အခါ မကျေမချမ်းဖြစ်နေမယ်။  သစ္စာဖောက်ခံရတယ်လို့တောင် ခံစားရနိုင်တယ်။ တကယ်တော့ ဒါဟာ သူက သင့်ကို ပျော်အောင်လုပ်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ သင့်ဘက်က ယူဆထားမှုကြီးကြောင့်ပါ။

၅ - ဘယ်တော့မှ မကျေနပ်နိုင်ဘူး ဖြစ်နေမယ်။ ဒီပြဿနာတွေပဲ ပြန်ပြန်ဖြစ်နေတတ်တယ်။ သင့်အတ္တမှာ အခြေပြုပြီး ဖြစ်လာတဲ့ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အခါ နှစ်ဦးသားဆက်ဆံရေးဘက် လှည့်လာတတ်တယ်။ နောက်တော့ သင့်လက်တွဲဖော်နဲ့နေရတာ မပျော်ဘူးလို့ ခံစားလာရတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top