iMyanmarHouse.com - Best Property Website for Myanmar
×

မတွေ့ရတာတော်တော်ကြာနေတဲ့ ချစ်သူကောင်လေးဆီကို ကောင် မလေးက သတိတရနဲ့ ဖုန်းဆက်လိုက်ပါတယ်။

“ ငါတို့တွေ့ရအောင်နော်… နင့်ကို အရမ်းသတိရနေလို့”

တစ်ဖက်ကောင်လေးက
“ အိုခေ။ ဒါပေမယ့် အခုငါက သူငယ်ချင်းတွေနဲ့ ဆိုင်တစ်ဆိုင် ရောက်နေတယ်။ အဲ့ဒါ နည်းနည်းမိုးချုပ်မှ မင်းတို့ဘက်ကို ရောက်ဖြစ်လိမ့်မယ်” လို့ ပြန်ဖြေတော့

ကောင်မလေးက “ နင် ထပ်သောက်နေပြန်ပြီလား” လို့ စိတ်ဆိုးဆိုး နဲ့ အမေးခေါ်အော်ပြောတော့… ကောင်လေးက

“ အာ… စိတ်မပူပါနဲ့။ အများကြီးသောက်တာမှ မဟုတ်တာ။ ကဲတော်ပြီ ဒါဆိုခဏနေမှတွေ့တော့မယ်။ ငါ့ဖုန်းဘက်ထရီလည်း ကုန်တော့မယ်ဟ။ ဖုန်းချလိုက်တော့” ဆိုပြီး ကောင်လေးက ဖုန်းချ သွားပါတယ်။

ကောင်လေးက သူ့ဖုန်းကိုပိတ်ပြီး သူတို့သူငယ်ချင်းတစ်သိုက်နဲ့ သောက်စရာရှိတာ ဆက်သောက်နေလေရဲ့။ နောက် အတော်ကြီး ညဥ့်နက်မှ ကောင်လေးက အိမ်ပြန်ရောက်လာတော့ သူ့ရဲ့အစ်ကို ဖြစ်သူက သူ့ကိုအမောတကောရှာနေရင်း သူ့တွေ့တော့ စကား တွေ ဗလုံးဗထွေးနဲ့ ပြောတော့တယ်။

“ ငါ့ဆီကို ဆေးရုံကနေ ဖုန်းဆက်လာတယ်။ မင်းရဲ့ ကောင်မလေး သေနတ်ပစ်ခံရလို့ ဆုံးသွားပြီ
ဆိုပြီးတော့။ ဘယ်လောက်ဆိုးလိုက် သလဲကွာ။ ငါ မင်းကိုဖုန်းဆက်သေးတယ် မင်းဖုန်းကလည်းပိတ် နေတယ်ကွ” လို့ ထိတ်ထိတ်လန့်လန့်ဆိုတော့
ရည်းစားကောင်လေးလည်း သူ့နားသူတောင် မယုံနိုင်တော့ပဲ အရူးတစ်ပိုင်း အော်ဟစ်ငိုကြွေးပါတော့တယ်….

နောက်တော့ သူ့ပိတ်ထားတဲ့ ဖုန်းလေးကို ပြန်ဖွင့်လိုက်တော့ သေဆုံးသွားတဲ့ သူ့ရည်းစားကောင်မလေးဆီက ပို့ထားတဲ့ စာတို လေးတွေ တစ်စောင်ပြီး တစ်စောင်ရောက်လာပါတယ်။

“ ငါ နင့်အိမ်ရှေ့ကို ရောက်လာခဲ့သေးတယ်။ အချိန်အတော်ကြာ နင့်ကိုစောင့်နေခဲ့သေးတယ်။ နင်ပြန်ရောက်မှာ မဟုတ်ဘူးထင်လို့ အိမ်ပြန်သွားခဲ့ပြီ။ အိမ်ပြန်ရောက်ရင် ငါ့ဆီဖုန်းခေါ်ဦးနော်။ ဘေဘီ ချစ်တယ်”

“ ဘေဘီ… ငါသိပ်ကိုကြောက်တယ်။ ငါ့အိမ်အပြန်လမ်းမှာ ငါ့နောက် ကို လူငယ်အုပ်စုတစ်စု လိုက်လာနေတယ်။ ငါသိပ်ကြောက်တယ်။ နင်ဘယ်မှာလဲ” ဆိုတဲ့ အသံမက်ဆေ့ဆစ်ခု နောက်ပြီးတော့….
ဆက်တိုက်ထွက်လာတဲ့ အသံတွေ ကောင်မလေးရဲ့ စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုနဲ့ သေနတ်ပစ်သံတစ်ခုပါပဲ….
အဲ့ဒီ အသံမက်ဆေ့၊ စာတိုတွေကို ဖတ်လိုက်ရတဲ့ ကောင်လေးအ တွက်တော့ ဒီအချိန်မှာသူ့အတွက် အရာရာနောက်ကျနေသွားခဲ့ ပါပြီ…..

ကိုယ့်ရဲ့ဆန္ဒတစ်ခုတည်းကို စိတ်သာယာရင်း တခြားသူ၊ ကိုယ် ချစ်ရတဲ့ ချစ်သူရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကို လျစ်လျူရှုခဲ့မိလို့ အခုလို ကြီးမားတဲ့ဆုံးရှုံးမှုကြီးကိုရခဲ့တာ ဘာနဲ့မှမဖြေသာနိုင်ခဲ့ပါဘူး။
အချစ်ဆိုတာမျိုးက ချစ်နေရုံနဲ့တင်မပြီး သူ့ဘက်က ဘာတွေဖြစ် ချင်သလဲ။ ကိုယ့်ဘက်ကဘာတွေ လုပ်ချင်သလဲဆိုတဲ့ ဆန္ဒ၊ ဖြည့် ဆည်းပေးမှု၊ သူ့အကြောင်းကိုယ့်အကြောင်းလေးတွေကို အလေး နက်ထားရှိမှုတွေ ပေးရပါလိမ့်မယ်။

 ကံကြမ္မာဆိုတာ ကြိုမမြင်ရနိုင် တဲ့ အရာမို့လို့ ကိုယ့်ကြောင့်ပဲ ကိုယ်တကယ်ချစ်ရတဲ့သူတွေကို လက်လွှတ်ဆုံးရှုံးသွားချိန်မှ ရလာတဲ့နောင်တက တစ်ဘဝလုံးစာ ဖြစ်သွားနိုင်ပါတယ်….

ဒီတော့ ကိုယ်နေရခိုက်၊ အသက်ရှင်ရခိုက်မှာ… ကိုယ့်ဘေးနားမှာ ရှိတဲ့ ကိုယ့်ချစ်ရတဲ့သူ၊ ကိုယ့်မိသားစု၊ ချစ်ရတဲ့အပေါင်းအသင်း တွေအပေါ် တန်ဖိုးထား၊ အလေးအနက်ထားပါ။ လျစ်လျူမရှုမိ ပါစေနဲ့လို့ အသိပေးရင်း……

Credit: ဖိုးသူတော် (www.phothutaw.com)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top