iMyanmarHouse.com - Best Property Website for Myanmar
×

ကင်ဆာရောဂါ ကုသနိုင်တယ်လို့ လူသိများတဲ့ တရုတ်ဇီးသီးအစေ့မှာ လူကိုသေစေနိုင်တဲ့ cyanide အဆိပ်ဓာတ် မြင့်မားစွာ ပါဝင်နေကြောင်း သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ဗြိတိန်အစိုးရကလည်း တရုတ်ဇီးသီးအစေ့မှာ cyanide အဆိပ်ပါဝင်ပြီး သေစေနိုင်မှုကြောင့် မစားကြရန် တရားဝင် သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိန်ရဲ့ Food Standards Agency ရဲ့ ပြောကြားမှုအရ တရုတ်ဇီးသီးအစေ့ကို စားမိပါက cyanide အဆိပ်ဓာတ် မြင့်မားစွာ ပါဝင်နေပြီး စားမိပါက သေးဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ကြောင်း သိရပါတယ်။ တရုတ်ဇီးသီးကို ကင်ဆာရောဂါ ကုသနိုင်တဲ့ ဓာတ်စာအဖြစ် ဈေးကွက်မှာ ရောင်းချလျက်ရှိပါတယ်။

တရုတ်ဇီးသီးအစေ့မှာ ပါဝင်တဲ့ ဗီတာမင် B17 ကဲ့သို့ အာဟာရဓာတ်တွေက ကင်ဆာအဖုအကြိတ်တွေ ပျံ့ပွားမှုကို ကာကွယ်နိုင်ကြောင်း ကင်ဆာရောဂါ သဘာဝကုထုံးနဲ့ ဓာတ်စာများ ရောင်းချတဲ့ ဗြိတိန်မှ က်ဘ်ဆိုက်များက ဆိုပါတယ်။ တစ်နေ့လျှင် တရုတ်ဇီးသီးအစေ့ ၁၀ စေ့မှ ၁၂ စေ့ စားပေးခြင်းဖြင့် ကင်ဆာကို ကာကွယ်နိုင်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်များက ညွန်းဆိုကြပါတယ်။

ဥရောပ Food Safety Authority က အစေ့အဆန်များရဲ့ ကျန်းမာရေး ဘေးထွက်ဆိုးကျိုး သုတေသန ပြုလုပ်ခဲ့ပြီးနောက် ဗြိတိန် Food Standards Agency ရဲ့ သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top