iMyanmarHouse.com - Best Property Website for Myanmar
×

၁ - အခြား အတွဲပုံတွေ

အခြားအတွဲတွေရဲ့ပုံကို ကြည့်မိတဲ့အခါ သင်တို့နှစ်ဦးရဲ့ လက်ရှိဆက်ဆံရေးအခြေအနေဟာ မလုံလောက်ဘူးလို့ ခံစားလာရပါတယ်။ လူတွေဟာ သူတို့ဖြစ်ချင်တဲ့ပုံတွေကို ဖေ့စ်ဘွတ်မှာ ပုံဖော်တတ်ကြပါတယ်။ ဒါကြောင့်  ဖေ့စ်ဘွတ်မှာ ဖော်ပြနေတဲ့ သူတို့ရဲ့ပုံစံတွေကို လေးလေးနက်နက် ယူလို့မရပါဘူး။

၂ - ရှယ်ယာ

ပို့စ်တွေကို အလွန်အကျွံ ရှယ်ယာလုပ်တာကလည်း စုံတွဲတွေရဲ့ ဆက်ဆံရေးကို ထိခိုက်စေပါတယ်။ နေလို့မကောင်းတာကြောင့် အိမ်ပြင်မထွက်ဘူးလို့ပြောထားပေမဲ့ သူငယ်ချင်းတွေလာလည်တာကြောင့် ပျော်နေတဲ့ပုံတွေ ရိုက်ပြီးတင်လိုက်တာမျိုးဟာ ပြဿနာမီးပွား ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဘက်က ရုတ်တရက်လုပ်လိုက်တာ ဆိုပေမဲ့ ဖေ့စ်ဘွတ်မှာ လူ သုံးလေးရာလောက်ကို မြင်သွားစေပါတယ်။

၃ - အတိတ်က friend request

ရည်းစားဟောင်းတွေ၊ အချစ်ဟောင်းတွေဆီက friend request တောင်းလာတဲ့အခါမှာလည်း စုံတွဲတွေ ပြဿနာတက်တတ်ပါတယ်။ လက်ခံလိုက်ရင် ပိုဆိုးပါတယ်။ စကားပြောဖြစ်ပြီဆိုရင်တော့ ရှင်းရခက်ပါတယ်။

၎ - မိသားစုနဲ့သူငယ်ချင်း

ယခင်က ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းအကြောင်းဆိုတာ ကိုယ်ပြောမှ သူသိရတာပါ။ ကိုယ်ခေါ်လာမှ သူတွေ့ရတာပါ။ ဒါပေမဲ့ ဖေ့စ်ဘွတ်ကြောင့် အဲ့လိုမဟုတ်တော့ပါဘူး။ ကိုယ့်သူငယ်ချင်းတွေရဲ့အပြုအမူအပြောအဆိုတွေကို သူက နေ့တိုင်း တွေ့နေမြင်နေရပါတယ်။  နားလည်မှုတွေ လွဲပြီး ပြဿနာ ဖြစ်ကုန်တတ်ပါတယ်။



Credit : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top