iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား ရွှေ ကမ္ဘာလုံး ဆုပေးပွဲဟုခေါ်သော ဘတ်ဆန်းအနုပညာ ထူးချွန်ဆု ပေးပွဲကို ယခုနှစ်တွင် (၅၂) ကြိမ်မြောက် ကျင်းပတော့မည်ဖြစ် သည်။ (၅၂) ကြိမ်မြောက် ဘတ်ဆန်းအနုပညာ ထူးချွန်ဆုပေးပွဲကို ဇွန်လ ၃ ရက်ညတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယခုနှစ်အတွက် ဆန်ခါတင်စာရင်း၌ ပါဝင်သူများကို ကြေညာထားပြီး ဖြစ်သည်။

(၅၂)ကြိမ်မြောက် ဘတ် ဆန်းအနုပညာ ထူးချွန်ဆုပေးပွဲ ရုပ်သံဇာတ်လမ်းတွဲ ကဏ္ဍတွင် အကောင်းဆုံး သရုပ်ဆောင်မင်း သားဆုအတွက် အမည်တင်သွင်း ခံရသူများ၌ ဆောင်းဂျွန်ကီနှင့် ယူအာအင်တို့ ပါဝင်သည်။ ယင်း သရုပ်ဆောင်မင်းသားနှစ်ဦးစလုံး သည် မတူကွဲပြားသော ဇာတ် လမ်းတွဲများဖြင့် ယခုနှစ်အတွင်း ပရိသတ်များ၏ အထူးအားပေးမှု ရရှိထားသော သရုပ်ဆောင်များ ဖြစ်သည်။

ယူအာအင်သည် SBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြသ သော Six Flying Dragons ရာဇဝင်     ဇာတ်လမ်းတွဲဖြင့် အကောင်းဆုံး သရုပ်ဆောင် မင်းသားဆုအတွက် အမည်တင် သွင်းခံရပြီး ဆောင်းဂျွန်ကီသည် KBS ရုပ်သံလိုင်းက ထုတ်လွှင့် ပြသသော Descendants of the Sun ဒရာမာဇာတ်လမ်းတွဲဖြင့် အကောင်းဆုံး သရုပ်ဆောင် မင်းသားဆုအတွက် အမည် တင်သွင်းခံရသည်။ ဆောင်းဂျွန် ကီနှင့် ယူအာအင်တို့သည် ၂၀၁၀ KBS ဒရာမာဇာတ်လမ်းတွဲ ဆု ပေးပွဲ၌ Sungkyunkwan Scan -dal ဒရာမာဇာတ်လမ်းတွဲဖြင့် အကောင်းဆုံးစုံတွဲဆု ရရှိခဲ့သော သရုပ်ဆောင်များဖြစ်သည်။

(၅၂)ကြိမ်မြောက် ဘတ် ဆန်းအနုပညာ ထူးချွန်ဆုပေးပွဲ ကို JTBC နှင့် The Daily Sports တို့က ပူးပေါင်းတင်ဆက်မည်ဖြစ် သည်။

Credit: 7 Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top