iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ်များက ‘ရည်း စားဦး’ဇာတ်ကားဖြင့် သရုပ် ဆောင်တစ်ယောက်အဖြစ် အသိ အမှတ်ပြုခဲ့သကဲ့သို့ 'Oh! MyCrush' တေးစီးရီးဖြင့် အဆိုတော်တစ်ယောက်အဖြစ်လည်း အသိအ မှတ်ပြုပေးစေလိုကြောင်း သရုပ်ဆောင်၊အဆိုတော် အလင်း ရောင်က ပြောကြားသည်။

‘‘ဒီအခွေလေးက လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ကိုဂျမန်းတို့၊ ကိုဂျွန်လွင်တို့ စီစဉ် တဲ့အခွေအနေနဲ့ လုပ်ဖြစ်တယ်။ ဒါပေမဲ့ အကြောင်းမျိုးမျိုးကြောင့် ပြဿနာတွေလည်းရှိတာကြောင့် မထွက်ဖြစ်လိုဘဲ ကိုယ့်ဟာကိုယ် ပြန်စီစဉ်ဖြစ်တာက မနှစ်က ဖေ ဖော်ဝါရီလောက်မှာ ပြန်စီစဉ်ဖြစ် တာ’’ဟု တစ်ကိုယ်တော်အခွေအ ကြောင်းကို ပြောသည်။

ယင်းအခွေကို ယခင်က ‘ရင့် ကျက်လာပြီ’ဟု အမည်ပေးထား ခဲ့သော်လည်း လူငယ်ဆန်ဆန်ပုံစံ ဖြစ်စေရန် တေးရေး ရွှေဂျော်ဂျော် ရေးပေးထားသည့် Oh! My Crush သီချင်းလေးကို Title (စီးရီးခေါင်းစဉ်)အဖြစ် ပေးခဲ့သည်ဟု ၎င်းက ပြောသည်။

‘‘ရင့်ကျက်လာပြီဆိုပြီး ထွက်ဖို့လုပ်ထားတဲ့  အချိန်တုန်းက သီချင်းတွေက ပေါ့ပ်တွေနဲ့ အနှေး တွေပဲပါတာ။ အခုဒီအခွေလေး မှာကျတော့ လူငယ်လည်းဆန် အောင် အမြူးလေးတွေလည်းပါ တယ်။ နောက်ပြီး အကြောင်းအ ရာအစုံပါတယ်။ သီချင်းတွေကို လည်း မျှအောင်စီစဉ်ထားတယ်’’ ဟု အလင်းရောင်က ပြောသည်။

ယင်းအခွေတွင် စုစုပေါင်း သီချင်း ၁၂ ပုဒ် ပါဝင်မည်ဖြစ်ပြီး မေလ ၂၁ ရက်၌ စတင်ဖြန့်ချိ ပေးမည်ဖြစ်ကာ ယင်းနေ့ညနေ တွင် ပြည်သူ့ရင်ပြင်၌ အမှတ်တရ လက်မှတ်ရေးထိုးပွဲပြုလုပ်မည် ဖြစ်သည်။

ထို့အပြင် ဒါရိုက်တာဝိုင်း ရိုက်ကူးမည့် '3G' ရုပ်ရှင်ဇာတ် ကားကို ယခုလအတွင်း စတင်​ရိုက်ကူးမည်ဖြစ်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်၏ ထုတ်လုပ်ရေး နှင့် ဇာတ်ကား ၂၀ စာချုပ်ချုပ်၍ ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆိုသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top