မေ့မရခြင်းတွေကို သတိရခြင်းနဲ့ ကုစားလိုက်ပါ။ ကိုယ့်ကို မေ့ထားခဲ့တဲ့သူတစ်ယောက်ကို မမေ့နိုင်သေးတဲ့သူတွေအတွက်….
သတိရလိုက်ပါ။သူ့ကိုမေ့ဖို့
ကြိုးစားနေမယ့်အစား သတိရအောင် လုပ်လိုက်စမ်းပါ။ ဘာတွေကို သတိရရမလဲ။
ဘယ်လိုအကြောင်းတွေက သူကိုယ့်ဘ၀ထဲမှာ မရှိတော့ဘူးဆိုတာ သိသွားအောင်
ကိုယ့်ဦးနှောက်ကို ဘယ်လို သတိပေးနိုင်မလဲ။ လူတစ်ယောက်ကို မေ့လို့မရတဲ့
အကြောင်းရင်းနှစ်ခုရှိပါတယ်။
၁)သူ့တစ်ယောက်ပဲ ကိုယ်ချစ်နိုင်မယ်။ သူက ကိုယ့်ဘ၀ရဲ့ တစ်ခုတည်းသော အချစ်လို့ယုံကြည်နေလို့။
၂)သူ့ထက်ပိုကောင်းတဲ့သူ ရှာမတွေ့နိုင်တော့မှာကို ကြောက်နေလို့။
ကိုယ်အမြဲမှတ်ထားရမယ့် အချက်လည်းနှစ်ခုရှိတယ်။
၁)သူသာကိုယ့်အတွက်
မှန်ကန်တဲ့ ဖူးစာရှင်သာဆိုရင် ဘယ်လိုအရာတွေက ခွဲခွဲ ၊ဘယ်လောက် ဝေးတဲ့အရပ်
ရောက်နေ ရောက်နေ သူ့ကိုယ့်ဘ၀ထဲ ၀င်လာနိုင်ခဲ့ရမှာပေါ့။
၂)ကိုယ့်ကို
သူ့ထက်ပိုချစ်နိုင်မယ့်သူ တစ်ယောက်ကို ထပ်ပြီးတွေ့ကို တွေ့နိုင်ပါသေးတယ်။
ကမ္ဘာ့ ထောင့်တစ်နေရာမှာ ကိုယ့်ကို စောင့်နေတဲ့သူ တစ်ယောက်ဆိုတာ
ရှိနေတတ်စမြဲပါ။
လူတစ်ယောက်ကို
နက်နက်ရှိုင်းရှိုင်းချစ်ခင်တွယ်တာပြီးမှ သူ့ကို မေ့ဖို့ကြိုးစားရတာ
အရမ်းပင်ပန်းပါတယ်။ဒါကြောင့် မေ့ဖိုကြိုးစားမယ့်အစား လွတ်လွတ်လပ်လပ်ကို
သတိရလိုက်ပါ။ သူ့ကြောင့် အိပ်ရေးပျက်ရတဲ့ညတွေ၊ တစ်ယောက်တည်း
အထီးကျန်ငိုခဲ့ရတဲ့အချိန်တွေ၊နာကျင်ခဲ့ရတဲ့ ခံစားမှုတွေ။သူ့မွေးနေ့မှာ
ကိုယ်မဟုတ်တဲ့တခြားတစ်ယောက်နဲ့ အတူဖြတ်သန်းနေမယ့်သူ့ကို တွေးကြည့်လိုက်ပါ။
ကိုယ်မပါဘဲ သူ့ရဲ့အသက်ကြီးလာတဲ့ ဘ၀ကို ဖြတ်သန်းချင်လို့ ကိုယ့်အနားမှာ
မနေတော့တာပဲ။
တစ်ယာက်တည်း အထီးကျန်နေတဲ့အခါ တစ်ချိန်က
ကိုယ့်ကိုဘယ်တော့မှ ထားမသွားပါဘူးလို့ ကတိတွေပေးခဲ့တဲ့သူက အခု ကိုယ်က
အလုံပိတ်ထားတဲ့ မွန်းကျပ်တဲ့အခန်းထဲ ရောက်နေသလို ခံစားနေရတဲ့အချိန်မှာ သူက
တခြားတစ်ယောက်နဲ့ အထီးကျန်မယ့်အချိန်တွေကို ဖြတ်သန်းနေမှာ။
လူတကာက
ကိုယ်တို့နှစ်ယာက်ရဲ့ဆက်ဆံရေး ဘယ်လိုလဲလို့မေးတဲ့အခါ သူက ကိုယ်မဟုတ်တဲ့
တခြားတစ်ယောက်နဲ့ ပတ်သက်နေတာကို သတိရလိုက်ပါ။ ကိုယ်ကသူ့အတွက်
ဘယ်လောက်ခံစားနေရလဲဆိုတာ သူငယ်ချင်းတွေရှေ့ ရင်ဖွင့်မိတဲ့အချိန် သူတို့က
ကိုယ့်ကိုယ် သူစိမ်းလိုနေဖို့ ဆုံးဖြတ်လိုက်ပြီပဲဆိုတာ သတိရလိုက်ပါ။
ကိုယ်ချစ်တဲ့သူကို ပြုံးပြခဲ့တာတွေကို သတိရလိုက်ပါ။ ဒီအပြုံးတွေကို
ကိုယ်ထပ်မပြုံးနိုင်တော့အောင် သူယူသွားပြီး တခြားသူတစ်ယောက်ကို
ပြုံးရွှင်အောင်လုပ်ပေးနေတဲ့ သူ့ကို သတိရလိုက်ပါ။
လူတစ်ယောက်မှာ
ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ အတ္တဆိုတဲ့အရာရှိပါတယ်။ ကိုယ့်အပေါ်
မကောင်းတဲ့သူကို ဆက်ပြီး တမ်းတမနေနိုင်အောင် ကိုယ့်ကိုယ့်ကိုယ်
ချစ်တဲ့စိတ်ကို နှိုးဆွလိုက်ပါ။
Credit: Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
သင်ဟာ ကိုယ့်ကို မေ့လိုက်တဲ့သူကိုမှ သတိရနေသေးတယ်ဆိုရင် ...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။