iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီးလီဒါဟယ်သည် တရုတ်ဒရာမာဇာတ်လမ်းတွဲ သစ်၌ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်မည်ဟု အတည်ပြုလိုက်သည်။

လီဒါဟယ်သည် တရုတ်ဒရာမာဇာတ်လမ်းတွဲ My Goddess, My Mother ဒရာမာဇာတ်လမ်း တွဲတွင် ပါဝင်သရုပ်ဆောင်မည်ဟု OBS TV သတင်းက ဖော်ပြသည်။

လီဒါဟယ်သည် လက်ရှိတွင် ယင်းတရုတ်ဇာတ်လမ်းတွဲ ရိုက်ကူးရန် ပြင်ဆင်နေကြောင်းနှင့် အဆိုပါဇာတ်လမ်းတွဲကို ၂၀၁၇ နှစ်ဆန်း၌ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း OBS TV သတင်းက ဖော်ပြသည်။ My Goddess, My Mother ဒရာမာဇာတ်လမ်းတွဲသည် တရုတ်အမျိုးသား တစ်ဦးနှင့် လက်ထပ်ပြီးနောက် အလွန်စိတ်ညစ်စရာကောင်းသော ယောက္ခမနှင့်အတူ နေထိုင်ရသည့် ကိုရီး ယား အမျိုးသမီးတစ်ဦး၏ဇာတ်ကြောင်း တင်ဆက်မည်ဖြစ်သည်။

လီဒါဟယ်သည် ယခုနှစ်အတွင်း တရုတ်နှင့် ကိုရီးယား ပူးပေါင်းတင်ဆက်သော Best Couple ဒရာမာဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။     

Credit: 7 Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top