iMyanmarHouse.com - Best Property Website for Myanmar
×

အလှအပအတွက် ငွေကုန်ကြေး ကျများစရာမလိုအောင် နေ့စဉ် မြင်နေကျ အစားအစာတွေသုံးပြီး လုပ်နိုင်တာလေးတွေ ဖော်ပြပေး လိုက်ပါတယ်။

သံပရာသီး

လတ်လတ်ဆတ်ဆတ် သံ ပရာသီးကို အကွင်းလှီးပြီး အရေ ပြားနေရာအနှံ့ပွတ်ပေးတာမျိုး ပုံမှန်လုပ်ပေးရင် အသားအရေကို ကြည်လင်ဝင်းပနူးညံ့စေကာ ဆားဝက်ခြံတွေကိုလည်း ဖယ်ရှားပြီး သား ဖြစ်စေပါတယ်။

သံလွင်ဆီ

မိတ်ကပ်ဖျက်မယ်ဆိုရင် သံ လွင်ဆီအနည်းငယ်သုတ်လိမ်းပြီး နှစ်မိနစ်လောက်ထားပြီးရင် ရေ နွေးနွေးလေးစိမ်ထားတဲ့ အဝတ် သန့်နဲ့ ပွတ်ဆေးပေးပါ။ ပြီးရင် အသားအရေအနှံ့ နူးညံ့စိုပြည်စေ ဖို့အတွက် မျက်လုံးနဲ့ ပါးစပ်တစ် ဝိုက်ကိုပါ သံလွင်ဆီလေးလိမ်း ပေးနိုင်ပါတယ်။

အုတ်ဂျုံ

အုတ်ဂျုံကို မှုန့်ညက်နေ အောင် ကြိတ်ခြေပြီး သဘာဝ ပေါင်းတင်လွှာပြုလုပ်နိုင်ပါ တယ်။

ဒိန်ချဉ်

အကောင်းဆုံးမျက်နှာပေါင်းတင်လွှာဖြစ်ပြီး ဒိန်ချဉ်မှာပါတဲ့ လက်တစ်အက်စစ်က အသား အရေကို နူးညံ့ပျော့ပျောင်းစေပါ တယ်။

ပျားရည်

ပျားရည်ကလည်း အသား အရေကောင်းစေတဲ့ သဘာဝ ပေါင်းတင်လွှာဖြစ်ပြီး အရေပြား မှာ အမည်းကွက်၊ အနီကွက်ဖြစ် တာတွေကို သက်သာပျောက် ကင်းစေပါတယ်။

ကြက်ဥ

ကြက်ဥအကာအရည်ဟာ အရေပြားကို အထူးသန့်စင်စေတဲ့ အပြင် အသားအရေတင်းရင်းစေ ကာ ကြက်ဥအနှစ်ကတော့ ဗီတာ မင်တွေနဲ့ အရေပြားအတွက် လို အပ်တဲ့အဆီတွေပါဝင်ပါတယ်။

သကြား

အသားအရေကို နူးညံ့ပြီး လန်းဆန်းစေဖို့အတွက်ဆိုရင် သကြားသုံးပြီးတော့သာ ကြေး ချွတ်ပါ။


Credit: 7 day daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top