iMyanmarHouse.com - Best Property Website for Myanmar
×

အသက် (၅၅) နှစ်အောက် လူများအား မနက် (၉) နာရီမထိုးမီ အလုပ်လုပ်ခိုင်းခြင်းကို နှိပ်စက်ခြင်း ဟုပင် ဆိုလို့ရနိုင်ကြောင်း ဗြိတိန်ရှိ အိပ်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးက ပြောဆိုခဲ့သည်။

ဝန်ထမ်းများအား မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ အလုပ်လုပ်ခိုင်းခြင်းကြောင့် ၀န်ထမ်းများ အအိပ်ပျက်ကာ ခန္ဓာကိုယ်ပင်ပန်း နွမ်းနယ်ပြီး စိတ်ဖိစီးနေရကြောင်း အောက်စဖို့ တက္ကသိုလ်မှ ဒေါက်တာ ပေါကယ်လီက ပြောသည်။

အသက် (၅၅) နှစ်ကျော်သွားလျှင်မူ လူ့ခန္ဓာကိုယ်သည် အိပ်ချိန် နည်းနည်းသာ လိုအပ်တော့သဖြင့် အိပ်ချိန်များများ လိုအပ်သော အသက် (၅၅) နှစ်အောက် ၀န်ထမ်းများအား စောစော ထခိုင်းခြင်းကြောင့် လုပ်ငန်း၏ ထုတ်လုပ်နိုင်စွမ်း ထိခိုက်နိုင်ကြောင်း ဒေါက်တာကယ်လီက ပြောဆိုခဲ့သည်။

လူများသည် (၂၄) နာရီ စနစ်ကို ပြောင်းလဲလို့ မရကြောင်း၊ ထချင်သည့် အချိန်တွင် ထအောင် အတင်း လုပ်ယူလို့ မရနိုင်ကြောင်း ဒေါက်တာကယ်လီက ပြောသည်။

စာသင်ကျောင်းများနှင့် လုပ်ငန်းခွင်များသည် လူ့ခန္ဓာကိုယ်တွင်းရှိ ဇီဝနာရီနှင့် ချိန်သားကိုက်အောင် ကျောင်းချိန်၊ အလပ်ချိန်များကို ပြောင်းလဲသင့်ကြောင်း ဒေါက်တာကယ်လီက အကြံပြုသည်။ အအိပ်ပျက်ခြင်းကြောင့် အာရုံမစိုက်နိုင်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲရန်နှင့် အရက်သေစာ သောက်စားရန် လှုံ့ဆော်မှုရှိလာခြင်း၊ ဒေါသဖြစ်လွယ်ခြင်း၊ အစိုးရိမ်လွယ်ခြင်း၊ စိတ်ပျက်လွယ်ခြင်း၊ စိတ်လွတ် ကိုယ်လွတ် လုပ်တတ်ခြင်း၊ အ၀လွန်လာခြင်း၊ သွေးတိုးခြင်း၊ စိတ်ဖိစီးခြင်း နှင့် စိတ်ကျန်းမာရေး ပြဿနာများ ရှိလာခြင်းတို့ ဖြစ်နိုင်ကြောင်း သူကဆိုသည်။

လေ့လာတွေ့ရှိချက်များကို မီဒီယာနှင့် နည်းပညာ ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။



Credit: Messenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top