iMyanmarHouse.com - Best Property Website for Myanmar
×

နံနက်ခင်း အိပ်ယာနိုးထလာချိန် နေ့တစ်နေ့တာကို ကော်ဖီတစ်ခွက်နဲ့ အစပျိုးလေ့ရှိကြပါတယ်။ ကမ္ဘာ တစ်ဝန်းမှာ နေ့စဉ်နေ့တိုင်းကော်ဖီခွက်ပေါင်း ၁ ဒသမ ၆ ဘီလီယံကို သောက်သုံးနေကြပါတယ်။ တစ် နည်းအားဖြင့် ကဖင်းကို သောက်သုံးနေတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကော်ဖီမှာ အဓိကပါဝင်ပစ္စည်းဟာ ကဖင်းဓာတ်ဖြစ်တာကြောင့်ပါ။

ကဖင်းဓာတ်ဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့ ဓာတ်ပစ္စည်းဖြစ်ပြီး ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေနိုင်တဲ့အပြင် အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်။ မီချီဂန်ကျန်းမာရေးတက္ကသိုလ်က ပြောကြားချက်အရ ကဖင်းဓာတ်ဟာ သောက်သုံးပြီး ၁၅ မိနစ်အကြာမှာ စတင်အာနိသင်ပြပြီး ၆ နာရီ ကြာအောင် အလုပ်လုပ်တယ်လို့ သိရပါတယ်။ ကော်ဖီစေ့၊ လက်ဖက်ရွက်၊ ချောကလက်ပြုလုပ်တဲ့ ကို ကိုးစေ့နဲ့ ကိုလာစေ့တို့အပြင် အပင်မျိုးကွဲ ၆၀ ကျော်ကနေ ကဖင်းဓာတ်ရရှိနိုင်ပါတယ်။

အမေရိကန်မှာ ကဖင်းသောက်သုံးမှုဟာ လူတစ်ဦးလျှင် နေ့စဉ်ကဖင်း ၃၀၀ မီလီဂရမ်နီးပါးရှိပြီး အဲဒီ ပမာဏဟာ ကော်ဖီနှစ်ခွက်ကနေ သုံးခွက်သောက်သုံးမှု ပမာဏနဲ့ညီကြောင်း အမေရိကန်အစားအစာ နဲ့ ဆေးဝါးကွပ်ကဲမှုအဖွဲ့ (FDA) က ဆိုထားပါတယ်။ ဒါဟာ သင့်တင့်မျှတတဲ့ ကဖင်းသောက်သုံးမှုပမာ ဏလို့ဆိုရမှာဖြစ်ပြီး ပုံမှန်သောက်သုံးရင် ကျန်းမာရေးကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။

တစ်ရက်မှာ ကော်ဖီတစ်ခွက်သောက်သုံးခြင်းဟာ အသည်းကင်ဆာရောဂါဖြစ်ပွားမှုကို ၅၀ ရာခိုင်နှုန်း အထိလျှော့ချနိုင်ကြောင်း ဆေးပညာသတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။ အခြားလေ့လာမှုတစ်ခု ကတော့ တစ်ရက်မှာကော်ဖီလေးခွက်သောက်သုံးရင် ခံတွင်းကင်ဆာနဲ့ လည်ချောင်းကင်ဆာဖြစ်ပွား မှုနှုန်းကို ထက်ဝက်လျှော့ချနိုင်တယ်လို့ သိရပါတယ်။

ဟားဗတ် ပြည်သူ့ကျန်းမာရေးကျောင်းမှာ ပြီးခဲ့တဲ့နှစ်ကလေ့လာချက်အရ တစ်ရက်လျှင် ကော်ဖီနှစ် ခွက်မှ လေးခွက်အထိ သောက်သုံးခြင်းဟာ အရွယ်ရောက်သူတွေမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံ စည်မှုနှုန်းကို လျော့နည်းစေပြီး နေ့စဉ်ကဖင်း ၂၀၀ မီလီဂရမ် သောက်သုံးခြင်းဟာ ကြာရှည်မှတ်မိနိုင် တဲ့ မှတ်ဉာဏ်စနစ်ကို တိုးတက်ကောင်းမွန်စေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယအမျိုး အစား ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ လေသင်တုန်းဖြတ်ခြင်းကို ကာကွယ်နိုင်တယ်လို့ လေ့လာမှုများက ဆိုပါတယ်။

နေ့စဉ် ကဖင်း ၂၀၀ မီလီဂရမ်သောက်သုံးခြင်းဟာ အန္တရာယ်မရှိနိုင်ပေမယ့် ကဖင်းပမာဏ လွန်ကဲလာ ပြီဆိုရင်တော့ ဆိုးကျိုးများကြုံတွေ့လာရနိုင်ပါတယ်။ တစ်ရက်မှာ ကော်ဖီသုံးခွက်နဲ့အထက် (ကဖင်း ပမာဏ ၆၀၀ မီလီဂရမ်) သောက်မယ်ဆိုရင် ဒါဟာလွန်ကဲတဲ့ပမာဏ ဖြစ်သွားပါပြီ။ ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်တွေများလာတဲ့အခါ အိပ်မပျော်ခြင်း၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ စိတ်ထိခိုက်ခံစားလွယ် ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ နှလုံးခုန်မြန်ခြင်းနဲ့ ကြွက်သားများတုန်ခါခြင်းစတဲ့ ဝေဒတနာတွေကို ခံစားရ နိုင်ပါတယ်။

မိခင်တွေဟာ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကော်ဖီသောက်သုံးမှုကို သတိပြုသင့်ပါတယ်။ ကိုယ် ဝန်ဆောင်မိခင်များ တစ်နေ့ကိုကော်ဖီသုံးခွက်နဲ့အထက် သောက်သုံးရင် (သို့မဟုတ်) ကဖင်း ၃၀၀ မီလီဂရမ်ထက်များသွားရင် သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်နှေးကြန့်ကြာစေတာကို လေ့လာ တွေ့ရှိရပါတယ်။ မိခင်ဆီမှာ ကဖင်းဓာတ်တွေများသွားတဲ့အခါ သန္ဓေသားရဲ့ နှလုံးခုန်နှုန်းကိုပါ ထိခိုက် လာနိုင်ပါတယ်။ မိခင်နဲ့ ဆက်သွယ်ထားတဲ့အချင်းမှတစ်ဆင့် ကဖင်းဓာတ်ဝင်ရောက်ပြီး ကလေးငယ်ရဲ့ နှလုံးခုန်နှုန်းကို အကျိုးသက်ရောက်စေပါတယ်။

နောက်ထပ်လေ့လာမှုများအရ ကိုယ်ဝန်ဆောင်တွေ သားပျက်သားလျှောခြင်းဟာ ကဖင်းပမာဏ လွန်ကဲစွာသောက်သုံးခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဆရာဝန်တွေ ညွှန်ကြား ထားတဲ့ ကိုယ်ဝန်ဆောင်များ သောက်သုံးရမယ့် ကဖင်းပမာဏဟာ တစ်ရက်မှာ ၃၀၀ မီလီဂရမ် အောက် လျော့နည်းပါတယ်။ ကလေးမွေးဖွားထားတဲ့ မိခင်တွေမှာ နို့တိုက်ကျွေးတဲ့ မိခင်နို့ရည်မှတစ် ဆင့် ရင်သွေးငယ်ဆီကို ကဖင်းဓာတ်ဝင်ရောက်သွားတဲ့အခါ ကလေးငယ်ဟာ ထိတ်လန့်ခြင်း၊ အိပ် ပျော်ရန်ခက်ခဲခြင်း စတာတွေကြုံတွေ့ရနိုင်ပါတယ်။ ကဖင်းပါတဲ့ အားဖြည့်အချိုရည်တွေ လွန်လွန်ကဲ ကဲသောက်သုံးရင်လည်း ထိုနည်းလည်းကောင်းပါပဲ။

ကဖင်း ၃၀၀ မီလီဂရမ်ထက်ပို၍ နေ့စဉ်သောက်သုံးရင် ကိုယ်အလေးချိန်ပေါင်မပြည့်တဲ့ ကလေးမွေး ဖွားမှုနှုန်းများလာစေကြောင်း ဆေးပညာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။



Credit: မြန်မာ့အလင်း

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top