iMyanmarHouse.com - Best Property Website for Myanmar
×

ပုံမှန် သခွားသီးတစ်လုံးမှာ ကယ်လိုရီ ၅၀ ရှိနေစဉ် ရေမှာ ကယ်လိုရီ လုံးဝ မပါဝင်ဘူးလို့ သိရပါတယ်။ ဒါ့ကြောင့်လဲ သကြား၊ ဆေးသကြား၊ အနံ့အသက် ပိုမိုကောင်းမွန်စေတဲ့ အရာတွေ ပါဝင်တဲ့ စတိုးဆိုင်မှာ ဝယ်လို့ရတဲ့ အချိုရည် သို့မဟုတ် ရနံ့သတ်ထားတဲ့ ရေထက် ဒီဖျော်ရည်က ပိုမိုကောင်းမွန်နေတာ  ဖြစ်ပါတယ်။

ထို့အပြင် သခွားသီးရည်က ဆာလောင်မှုကို လျော့ကျစေကာ ကိုယ်အလေးချိန်မတက်အောင် ကာကွယ်ပေးပါတယ်။ ဒီရေက အင်တီအောက်စီးဒင်းနဲ့ ဗီတာမင်တွေ ပေါကြွယ်ဝပါတယ်။ ဒါ့ကြောင့် အသားအရေအတွက် အထူးကောင်းမွန်နေခြင်း ဖြစ်ပါတယ်။

သခွားသီး (၁) လုံး၊ ရေ (၂) လီတာနဲ့ ကရား (၁) လုံးသာလျှင် လိုအပ်ပါတယ်။ သခွားသီးကို သေချာဆေးကြော သန့်စင်ပြီး အဝိုင်းလိုက် ပါးပါးလှီးပါ။ နောက် ကရားကို ရေဖြည့်ပြီး သခွားသီး ရောထည့်လိုက်ပါ။

မသောက်ခင်စပ်ကြား နာရီအနည်းငယ်ကြာအောင် ထားရပါမယ်။ ဆန္ဒရှိပါက သံပုယိုသီး သို့မဟုတ် သံပုရာသီး ထည့်ပေးနိုင်ပါတယ်။



Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top