iMyanmarHouse.com - Best Property Website for Myanmar
×

သင့်မျက်နှာလေး ကြည်လင်ပြီး အသားအရေ ချောမွတ်နေစေဖို့အတွက် သင်ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ ပေါင်းတင်နည်းလေးတစ်ခု ပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ သင့်အိမ်နောက်ဖေးခန်းထဲက ကြက်ဥတွေကို အသုံးပြုပြီး ဖန်တီးရမှာပါ။

ကြက်ဥမှာပါ ကြက်ဥအကာဟာ အသားအရေအတွက် အထူးကောင်းမွန်ပြီး ချွေးပေါက်တွေထဲက ဂျီးတွေကို ပြောင်သွားစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ရေဓာတ်လည်း ပြန်ဖြည့်ပေးနိုင်တာကြောင့် ကြက်ဥအကာကို သင့်မျက်နှာပေါင်းတင်ဖို့အတွက် အဓိကအရေးပါတဲ့ နေရာမှာ ထားလိုက်ပါ။ ဒီတော့ ထိရောက်ပြီး သင့်မျက်နှာအတွက် အထူးကောင်းမွန်တဲ့ ပေါင်းတင်ဆေးလေး ဖန်တီးဖို့ ဘာတွေလိုအပ်မလဲ ကြည့်လိုက်ကြရအောင်။

ပါဝင်ပစ္စည်းတွေကတော့

၁။ ကြက်ဥတစ်လုံးရဲ့အကာ (ကြက်ဥတစ်ခုလုံး ဖောက်လိုက်တဲ့အခါ အနှစ်လို အ၀ါမဟုတ်ပဲ ကြည်လင်တဲ့ အရည် အကာကို ဆိုလိုတာပါ)

၂။ သံပုရာရည် တစ်ဇွန်း

၃။ ဒိန်ချဉ်တစ်ဇွန်း တို့ပဲဖြစ်ပါတယ်။

မျက်နှာပေါင်းတင်ဖို့အတွက် mask တစ်ခုလုပ်တော့မယ်ဆိုရင် ခုနပြောတဲ့ ကြက်ဥအကာရည်နဲ့ သံပုရာရေကို ရောလိုက်ပါ။ ပြီးတာနဲ့ ဒိန်ချဉ်ကို ပေါင်းလိုက်ပါ။ အားလုံးကို ရောလိုက်ပြီးပြီဆိုတာနဲ့ မျက်နှာကို လိမ်းကျံထားလိုက်ပါ။ ၁၀မိနစ်လောက်ထားပြီးတာနဲ့ ရေနွေးထဲ စိမ်ထားတဲ့ အ၀တ်ခပ်နွေးနွေးလေးနဲ့ မျက်နှာပေါ်က ပေါင်းတင်ထားတာတွေကို ဖယ်ရှားလိုက်ရုံပါပဲ။

ခုလို ပေါင်းတင်ခြင်းရဲ့ အကျိုးတွေကျတော့ သင့်မျက်နှာပေါ်က အဆီတွေကို စုပ်ယူသွားနိုင်ပြီး သံပုရာရည်ကြောင့် ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားသွားနိုင်ပါတယ်။ ခုလို ပေါင်းတင်နည်းကို အသားအရေအားလုံးအတွက် အသုံးပြုနိုင်ပြီး ခြောက်သွေ့တဲ့ အသားအရေအတွက်ကတော့ ပိုသင့်တော်ပါတယ်တဲ့။



Credit :  Trend  Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top