iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ဂျင်ဂူသည် ဒုတိယမြောက် ရင်သွေးရတော့ မည်ဟု ၎င်း၏ အေဂျင်စီ BH Entertainment က မေလ ၁၇ ရက်တွင် ပြောသည်။

ဂျင်ဂူ၏ဇနီးသည် လက်ရှိ ကိုယ်ဝန်လေးလရှိနေကြောင်းနှင့် ယခုနှစ်ကုန်ပိုင်းတွင် ဒုတိယ မြောက်ရင်သွေးလေး မွေးဖွားမည် ဖြစ်ကြောင်း အေဂျင်စီက ပြော သည်။

ဂျင်ဂူသည် အနုပညာလော ကမှမဟုတ်သော ချစ်သူကင်ဂျီ ဟေးနှင့် ၂၀၁၄ စက်တင်ဘာတွင် လက်ထပ်ခဲ့ပြီး ၁၀ လခန့်အကြာ၌ ၎င်းတို့ဇနီးမောင်နှံတွင် ပထမဆုံးရင်သွေးသားဦးလေး ထွန်းကားခဲ့ သည်။ဂျင်ဂူသည် Descendants of the Sun ဒရာမာဇာတ်လမ်းတွဲ ဇာတ်သိမ်း ထုတ်လွှင့်ပြီးနောက် ဇနီး၌ ဒုတိယမြောက်ရင်သွေးရှိ နေသည့် သတင်းစကားကို ကြား ခဲ့ရသည်ဟု အေဂျင်စီက ပြော သည်။

လက်ရှိတွင် Descendants of the Sun ဒရာမာဇာတ်လမ်း ဖြင့် နာမည်ကျော်ကြားနေသော ဂျင်ဂူသည် ရုပ်သံအစီအစဉ် ရိုက် ကူးရေး၊ ကြော်ငြာရိုက်ကူးရေး များဖြင့်    အလုပ်များလျက်ရှိ သည်။

ထို့အပြင် ဂျင်ဂူသည် လက် ရှိတွင် One Line ရုပ်ရှင်ဇာတ် ကား၌ ပါဝင်သရုပ်ဆောင်နေပြီး SBS ရုပ်သံလိုင်း၏ ဒရာမာ ဇာတ်လမ်းတွဲသစ် Wanted တွင် ပါဝင်သရုပ်ဆောင်ရန် စဉ်းစားနေ သည်။



Credit  : 7Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top