အိမ်ဦးခန်းဘုရားစင်ဝေယျာဝစ္စမှစ၍၊
အိမ့်နောက်ဖေးမီးဖိုချောင်မကျန်၊ ရေချိုး ခန်း(သန့် စင်ခန်း)အဆုံး အိမ်
ရှင်မတစ်ဦး၏ တာဝန်များမှာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။
ဒါကြောင့်လည်း ရှေးလူကြီး များက “အိမ်မှုကိစ္စဝေယျာဝစ္စ” ရယ် လို့ 
အမည်တပ်ခဲ့ကြပါတယ်။ နေ့ တဓူဝ ကြုံတွေ့ နေရတဲ့ သမရိုးကျအိမ် ထောင့်
တာဝန်များ ကို ပုံမှန် နည်း ဖြင့်ဖြေ ရှင်းနိုင်သော်လဲ၊ တခါတရံ မထင်မှတ်တဲ့
အခက် အခဲ လေးတွေ အတွက် ဖြတ်ထိုးဥာဏ်သုံးတတ်ဖို့ လိုပါတယ်။
၁။
အိမ်ကသမီးလေးက ကိုရီးယားမင်းသလေးလို ဆံပင်တောက်ပြောင် ချောမွေ့ ချင်
လိုက်တာ မေမေ ရယ်လို့ ပူဆာလာခဲ့ရင်၊ ရှာလကာ ရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်း
ထဲ့ပြီး ခေါင်းလျှော်ခိုင်းလိုက်ပါ။
၂။ ခင်ပွန်းမှာ
ဂျိုင်းမွေးရိတ်ကရင်မ် ကုန်နေခဲ့လျှင်၊ အရေးပေါ်အဖြစ် ဆံပင် ပေါင်းဆေး
(conditioner) ပေးသုံးလိုက်ပါ။ ဂျိုင်းမွှေးရိတ်ရ လွယ်ကူ သလို အသားအရေ လည်း
ချောမွေ့ သွားစေပါတယ်။
၃။ မိတ်ကပ်ဖျက်ဆေးဗူး အထားမှားလို့ အလွယ်တကူရှာမတွေ့ ခဲ့ ရင်၊ ခေါင်း လိမ်းတဲ့သံလွင်ဆီ နှင့်ဖျက်ပါ။ (မျက်လုံးထဲမ၀င်ပါစေနဲ့ )
၎။
မီးပူတိုက်ရင်း (သို့ မဟုတ်) ချက်ပြုတ်ရင်း မတော်တဆ အပူလောင်ပြီး အရည်ကြည်
ဖုပေါက်ခဲ့ရင်၊ ငံပြာရည် (သို့ ) pepsodent သွား တိုက်ဆေး (သို့ )
အာလူးထက်ခြမ်းခြမ်းကပ် (သို့ ) ဆရာစိုင်းလိမ်းဆေး (သို့ )
ဆေးဖယောင်းချပ်ကပ်ပါ။
၅။ ဖိနပ်သဲကြိုးရာ ခြေထောက်မှာစွဲကျန်နေလို့ စိတ်မညစ်ပါနဲ့  ရှာလကာ ရည် ပွတ်လိမ်းပေးပါ။
၆။
တစ်စုံတစ်ယောက်အတွက် လက်ဆောင်ပစ္စည်းဝယ်ထားပြီး၊ ဈေးနှုန်းတန် ဘိုးမ သိစေ
ချင်ပါသော်လဲ၊ အချို့ ပစ္စည်းများတွင် ဈေးနှုန်းတံ ဆိပ်ကို လုံးဝ ခွာမ
ရဖြစ်နေ တတ် ပါတယ်။ ဆံပင်အခြောက်ခံစက်ကို မီးအားမြှင့်၍ အပူပြင်းပြင်း
မှုတ်ထုတ် လိုက်ပါ။
၇။ ရေခဲတုံးသန့် သန့့်လိုချင်ရင်၊
ရေနွေးပူပူကို အအေးခံပြီးမှ ရေခဲ ခဲပါ။
၈။ သံပုရာသီးအလုံးထဲက
သံပုရာရည်များ ကုန်စင်အောင်ညှစ်ချင်ပါရင်၊ ဦးစွာ သံပုရာသီးကို တနာရီခန်
့ကြိုတင်၍ ရေနွေးစိမ်ထားပါ။
၉။ ဟင်းလျာများနှင့်
အသုပ်များအတွက် ဂေါ်ဖီထုပ်က စိမ်းစော်နံပျောက် စေအောင်၊ မချက်ပြုတ်ခင်
ဂေါ်ဖီထုပ်ပေါ် ပေါင်မုန့် တချပ် လောက် တင် ထားလိုက်ပါ။ ၁၀။ ပီကေ၀ါးရင်း
ကြက်သွန်နီလှီးရင် မျက်ရည်လုံးဝမကျစေတော့ပါဘူး။ ၁၁။
အာလူးပြုတ်မြန်မြန်နူးစေချင်ရင်၊ ရှေးဦးစွာ အာလူးစိမ်းရဲ့ တစ်
ဘက်စွန်းစီကို အခွံအ နည်းငယ်နွှာပြီးမှ ပြုတ်ပါ။
၁၂။ ကန်စွန်းဥပြုတ်များ အခွံနွှာရ လွယ်ကူအောင်၊ ပြုတ်ပြီးသား ကန်စွန်း ဥပူပူ ကို ရေအေးထဲစိမ်ထား လိုက်ပါ။
၁၃။
ကြက်ဥ/ဘဲဥပြုတ်များ အခွံခွာရလွယ်ကူအောင် ဆားထဲ့ပြုတ်ပြီး၊ ကျက်ရင်
ကြက်ဥ/ဘဲဥအချင်းအချင်း ခပ်သာသာ အခွံမာများအက် သွားတဲ့ထိရိုက်ပေးပြီး
ရေအေးထဲစိမ်ပါ။
၁၄။ အချိန်အတော်ကြာ အသုံးပြုလာခဲ့တဲ့ Coffee
Maker (ခေါ်) ကော်ဖီဖျော်အိုး များ ကော်ဖီဂျိုးတူးနံ့ စွဲ လာတတ်ပါတယ်။
အဲဒီအခါ ကော်ဖီ ဖျော်အိုးထဲ ရှာလကာရည်တ ခွက်ထဲ့ကာ ရေအပြည့်ဖြည့်ပြီး၊
နာရီဝက် လောက်အပူပေးနှပ်ထား ပါ။ ပြီးရင် ရေ သန့် ထဲ့တည်၍ နောက်ထပ် နာရီ
ဝက်လောက်တည်ပါ။ ဤနည်းတိုင်း ဒုတိယ အကြိမ် ရေသန့် ထပ်တည်ပါ။
ကော်ဖီဂျိုးတူးနဲ့ ပျောက်ပြီး၊ အနံ့ အရသာ ရှိသော ကော်ဖီဖျော်လို့ ရပါပြီ။
၁၅။
ပန်းကန်ဆေးဘေစင်ပိတ်ဆို့ နေလို့ စိတ်မညစ်ပါနှင့်။ မုန့် ဖုတ်ဆော်ဒါ ၁-ဆ
ကို ရှာလကာရည် ၂-ဆ ရောဖျောပြီး ရေပိုက်တ လျှောက်လောင်း ထဲ့ပါ။ မိနစ် ၂၀
အကြာမှာ ရေနွေးဆူဆူများလောင်းချပေးခြင်းဖြင့် ပိတ်ဆို့ နေမှုများ
လျောဆင်းသွားပါလိမ့်မယ်။
၁၆။ သစ်သားစားပွဲခုံပေါ်မှာ
အအေးခွက် (သို့ မဟုတ်) ရေနွေးခွက် တင်တာကြာသွား ရင် အဖြူရောင်
အကွက်များစွန်းကျန်လာပါတယ်။ ဟင်းချက်ဆီနဲနဲကို ဆားရော၍ ပွတ်တိုက်ပြီး၊
နောက်တနာရီခန့် အကြာ ချည်တည်အ၀တ်ပါးဖြင့် ပွတ်ပေးလိုက်ပါ (သို့ မဟုတ်)
ရေနံချေး ဖြင့်ပွတ်တိုက်ပြီးနောက် ၂၄ နာရီခန့် အကြာ ချည် ထည်အ ၀တ်ပါးဖြင့်
ပွတ်ပေးလိုက်ပါ။
၁၇။ ချက်ပြုတ်ခဲ့တဲ့ ဟင်းလျာတွေ
ဖိတ်စဉ်ကျလို့  မိုက်ကရိုဝေ့ဖ်မီးဖိုမှာ အစွန်းအ ထင်းများညစ်ပတ်နေ
ခဲ့ပါလျှင်၊ မိုက်ကရိုဝေ့ဖ်မီးဖိုထဲမှာ ရွှဲရွှဲစိုနေသော ရေမြှုပ်ထဲ့၍
၂-မိနစ်လောက်ပြုတ်ပါ။ ထို့ နောက်မီးခလုတ် ပိတ်ပြီး ၅ မိနစ်လောက်နေ မှ
ရေမြှုပ် ကိုထုတ်ယူပါ။ ပြီးရင်အဲဒီ ရေမြှုပ်ဖြင့်
ဟင်းလျာအစွန်းအထင်းများကို လွယ်ကူ စွာသုတ် သင်နိုင်ပါပြီ။ (သို့ မဟုတ်)
သံပုရာတစ်လုံးကို ပါးပါးလှီးပြီး၊ မိုက်ကရိုဝေဖ့်ပြား ပေါ်တင် ကာ၊ ရေ
လ္ဘက်ရည်ဇွန်း ၁-ဇွန်းလောင်းပြီး မီးဖိုကိုဖွင့်ပါ။
သံပုရာသီစိပ်များပူလားပြီး၊ အထဲမှာအငွေ့ ပျံလာတဲ့ အခါ တစ်ရှုးဖြင့်
အစွန်းအထင်းများကို ပွတ်လိုက်ပါ။ လုံးဝ သန့် စင်သွားပါမည်။
၁၈။
ရေခဲသေတ္တာဖွင့်လိုက်တဲ့အခါ အနံ့ ဆိုးများထွက်နေပါသလား။ မုန့် ဖုတ်ဆော်
ဒါဗူးကို အဖုံးဖွင့်ထဲ့ ထားပေးပါ။ ဆော်ဒါကအနံ့  ဆိုးများကို
စုပ်ယူပေးပါလိမ့်မယ်။ အဲဒီမုန့် ဖုတ်ဆော်ဒါဗူးကို ၃-လတစ်ကြိမ် အသစ်လဲပေးပါ။
အကယ်၍အနံ့ ဆိုးများ မပျောက်သေးဘူး ဆိုရင်တော့ မုန့်ဖုတ်ဆော်အနည်းငယ်
ကိုရေဖျော်ပြီး ရေ ခဲသေတ္တာ အနှံ့ ဆေးကြောပေးပါ။
၁၉။
ကန်စွန်းရွက် နှင့် ချဉ်ပေါင်ရွက်တို့ ကို လက်မ၊ လက်ညှိုးတို့ ဖြင့်ဆိတ်
ထွှင်ခြင်းကြောင့် ၄င်းအရွက် များရှိ သဘာဝ အစေးများက လက်သည်းကို မည်းစေပြီး
အရုပ်ဆိုးအကျည်းတန်စေပါတယ်။ ရှာလကာရည် (သို့ မဟုတ်) သံပုရာသီး/ရှောက်
သီးစိပ်တို့ ဖြင့် ပွတ် တိုက်ပြီး ရေစင်စင်ဆေးပေးခြင်းဖြင့် လက်သည်းများ
ပကတိအ တိုင်းဖြူစင်လာသလို၊ လက်သည်းလဲ မာလာစေပါတယ်။ ပြည်ကြီငါး
(ကင်းပွန်)ကိုင်၍ အမည်း စွန်းထင်ခြင်း၊ ပုစွန်စိပ်ကိုင်၍ အညှီနံ့ စွဲခြင်း၊
ကြက်ဥ-ဘဲဥ ပုပ်ကြောင့် အနံ့ စွဲ ကျန်ခြင်း၊ ကြက်သွန်ဖြူနွှာ၍ အနံ့ 
စွဲခြင်းများအတွက် ဤနည်းအတိုင်း သန့် စင်နိုင်ပါ တယ်။
၂၀။
အလှူအိမ်မှာ ကြက်သွန်နီများအခွံနွှာပေးပြီးနောက်၊ ကြက်သွန်နီနံ့ စွဲမကျန်
ရလေအောင် လက်ကို ဆားပျစ်ပျစ်ဖျော်၍ပွတ်ခြင်း၊ သွား တိုက်ဆေးဖြင့်ပွတ်ခြင်း၊
ခရမ်း ချဉ်သီး ထက်ခြမ်းခြမ်း၍ပွတ်ခြင်း၊ လိမ္မော် သီးစိပ်ဖြင့်ပွတ်ခြင်း၊
အာလူးအခွံနွှာ၍ ပွတ်ခြင်း၊ တရုပ်နံနံပင် လက်ထဲ ထဲ့ချေပွတ်ခြင်း စသည်ဖြင့်
ကြက် သွန်နီနံ့ များကို ချက်ချင်းဆိုသလို ပြေပျောက်စေပါတယ်။
၂၁။
ဆန်အိုးထဲမှာ ပိုးတည်ပြီဆိုရင်၊ အမည်းရောင် ပိုးများအပွားမြန်လာကာ ဆန်ကို
လည်းပျက်စီးစေတတ် ပါတယ်။ ပိုးဝင်နေတဲ့ ဆန်များ ကို ဖယ်ထုတ်ပြီး ဆန်အိုးရဲ့ 
အတွင်း အပြင်ကို ဆပ်ပြာရည်ဖြင့်စင်အောင် ဆေးပါ။ ရေစင်အောင်
နေပြင်းပြင်းပြပြီး ကရဝေးရွက်ထဲ့၍ အဖုံးလုံအောင်ဖုံးကာ အဲဒီကရဝေးရွက်များ
တညထဲ့သိပ်ပါ။ အိုးလုံးဝသန့် စင်ပြီး နောက်ထပ်ဆန်ပိုးမတည်နိုင်တော့ပေ။
Credit: ပေါက်ပေါက်
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အိမ်ရှင်မတွေ ဖတ်ဖြစ်အောင် ဖတ်နော်....
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။