iMyanmarHouse.com - Best Property Website for Myanmar
×

သင်ရည်းစားရတဲ့အခါ သူငယ်ချင်းတွေက ကျေနပ်ချင်မှ ကျေနပ်ပါလိမ့်မယ်။ သင်ဟာ အမြဲတမ်း ရည်းစားနားကပ်နေသူလို့ အပြစ်တင်ကောင်းတင်လိမ့်မယ်။ အဲဒီလိုပဲ သင့်ချစ်သူကလည်း သင့်ကို သူ့နားမှာပဲ အမြဲရှိနေစေချင်တာမျိုး ကြုံရနိုင်ပါတယ်။ သူငယ်ချင်းတွေရော ချစ်သူပါ ဘဝမှာ အရေးပါသူတွေ ဖြစ်ပေမဲ့ သူငယ်ချင်းတွေကို ခေါက်ထားပြီး ချစ်သူနားမှာ မဖြစ်မနေ နေသင့်တဲ့အချိန်တွေ ရှိပါတယ်။

 ၁။ သူနေမကောင်းတဲ့အချိန်

သင် နေမကောင်းဖြစ်တဲ့အချိန်မှာ သင့်ဘေးနားမှာ ရှိနေပေးသူကဘယ်သူလဲ။ သင့်ချစ်သူပဲ မဟုတ်လား။ သူပဲ သင့်ကို ဂရုတစိုက်နဲ့ ပြုစုပေးခဲ့တာပဲလေ။ အဲဒီတော့ သူနေမကောင်းချိန်မှာလည်း သင်အနားမှာ ရှိနေပေးသင့်ပါတယ်။ မိန်းကလေးတစ်ယောက်က အိပ်ရာထဲက မထနိုင်ချိန်မှာ သင်က သူငယ်ချင်းတွေနဲ့ ပျော်ပါးနေမယ့် အကြင်နာတရားကင်းမဲ့တဲ့ ယောက်ျား မဖြစ်သင့်ပါဘူး။ သူမအတွက် ဆေးတွေနဲ့ အစားအစာတွေဝယ်ပြီး သူမအိမ်ကို သွားလိုက်ပါ။

၂။ မိသားစုပျော်ပွဲရွှင်ပွဲ

ဒါဟာ မကြာမကြာ လုပ်ဖြစ်တဲ့ပွဲတွေ မဟုတ်ပါဘူး။ သူ့ရဲ့မိသားစုပွဲကို မသွားဘဲ သူငယ်ချင်းတွေနဲ့ ပျော်ပါးတာ မကောင်းပါဘူး။ သင့်ချစ်သူကိုသာ တကယ်ချစ်တယ်ဆိုရင် သူ့မိသားစုနဲ့ တွေ့ဆုံပြီး ပျော်ပျော်ပါးပါးနေထိုင်လိုက်ပါ။

၃။ အရေးပေါ်အချိန်တွေ

သူမရဲ့မိသားစုတစ်ဦးဦး သေဆုံးချိန်၊ သူမ အလုပ်ပြုတ်ချိန် ဒါမှမဟုတ် သူမ အခက်အခဲ ကြီးကြီးမားမား တစ်ခုခု ကြုံတွေ့ချိန်မှာ သူမဘေးနားမှာ သင်ရှိနေသင့်ပါတယ်။

၎။ ချစ်သူနဲ့ သူငယ်ချင်း ရန်ဖြစ်ချိန်

ဒီလိုအခြေအနေက ကိုင်တွယ်ရ ခက်ခဲပါတယ်။ ဘယ်သူမှ အားလုံးမှန်တယ်ဆိုတာ မရှိပါဘူး။ သင့်ချစ်သူက မှားနေတယ်ဆိုသည့်တိုင် သင့်သူငယ်ချင်းက သင့်ချစ်သူကို ပမာမခန့်လုပ်တာ သင်ခွင့်မပြုသင့်ပါဘူး။ သူတို့ စကားများကြလို့ သင့်ချစ်သူမှားရင် သူမှားနေတယ်ဆိုတာကို နားဝင်အောင် ကောင်းကောင်းမွန်မွန် ပြောပါ။ သင့်သူငယ်ချင်းမှားနေရင်လည်း အဲဒီအတိုင်း ပြောပါ။

၅။ သူ သင့်အတွက် ပြောနေချိန်

ယောက်ျားတိုင်းမှာ အဓိပ္ပာယ်မရှိတဲ့ အပြုအမူတွေရှိတဲ့ သူငယ်ချင်း အနည်းဆုံး တစ်ယောက်လောက်တော့ ရှိပါတယ်။ သူက ဆိုးရွားတဲ့၊ မလုပ်သင့်တဲ့ ကိစ္စရပ်တစ်ခုမှာ သင့်ကို ပါဝင်စေချင်ပြီး သင့်ချစ်သူက အဲဒါကို သဘောမကျရင် သူမရဲ့ အတွေးအမြင်ကို သင် တန်ဖိုးထားသင့်ပါတယ်။ သူမက သဝန်တိုနေတာ မဟုတ်ပါဘူး။ သင့်သူငယ်ချင်းက မိုက်မဲတာကို သူမသိနေတာဖြစ်ပြီး သင့်ကို အဲဒီအဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်မှာ မပါစေချင်တာပါ။

 ၆။ မင်္ဂလာပွဲတွေ

သူမက သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို သွားချင်တယ်ဆိုရင် သူမနဲ့အတူ လက်တွဲသွားရမယ့်သူက သင်ပဲဖြစ်သင့်ပါတယ်။ သူငယ်ချင်းနဲ့ သွားစရာရှိလို့ဆိုပြီး သူမရဲ့ ခေါ်ဆိုမှုကို မငြင်းသင့်ပါဘူး။



Credit : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top