iMyanmarHouse.com - Best Property Website for Myanmar
×

၁ - အကြောင်းအရင်း

ဘာကြောင့်ပြတ်ရတာလဲဆိုတဲ့ အကြောင်းအရင်းက အရေးကြီးပါတယ်။ သင့်ထက်အစစအရာ သာလွန်းနေလို့ ပြတ်သွားတာလား၊ စတွဲတုန်းကရခဲ့တဲ့ ခံစားချက်မျိုး မရတော့လို့လား၊ မပျော်တော့လို့လား။ ပြန်တွဲလည်း ပြတ်ခဲ့ရတဲ့ ပြဿနာတွေ ပြန်ပေါ်ဖို့ရှိတယ်ဆို မလှုပ်ရှားတာ ကောင်းပါတယ်။ တစ်ဖက်လူကို သူ့ဘဝနဲ့သူ ထားလိုက်ပါတော့။ ပြဿနာတွေ အမြဲ ပြန်ပေါ်ဖို့ရှိတယ်ဆိုရင် သင့်ဘဝနဲ့ ကိုက်ညီတဲ့လူ မဟုတ်ပါဘူး။

၂ - နာကျင်မှု

သင့်ဘက်က အဆင်မပြေလို့ ဖြတ်ခဲ့တာကြောင့်  တစ်ဖက်က တောင်းပန်မယ်၊ မဖြတ်ဖို့ပြောမယ်၊ ဖုန်းတွေဆက်မယ်၊ မက်ဆေ့တွေပို့မယ်။ ဒီလိုတွေ မလုပ်ဖို့ ပြောပေမဲ့ တစ်ဖက်က အဆက်မပြတ် မက်ဆေ့တွေ ပို့နေမယ်။ ဒါပေမဲ့ အချိန်တစ်ခု ကြာတဲ့အခါ  ရုတ်တရပ် သူ့ဘက်က ဆက်သွယ်နေတာတွေကို ရပ်လိုက်ပါတယ်။  ဒီအခါ သင်က သိချင်ပါမယ်။ ဘာလို့ ရပ်လိုက်တာလဲ၊ အသစ်ရသွားပြီလားပေါ့။

သင့်ဘက်က ဖုန်းပြန်ဆက်တော့လည်း သူ့ဘက်က တက်တက်ကြွကြွ ရှိတဲ့ အသံမျိုး မကြားရတော့ပါဘူး။ ဒီအခါ နှစ်ဦးသား ဆက်ဆံရေး အဆုံးသတ်လိုက်တာ မှားပြီလို့ ခံစားရတတ်ပါတယ်။ အမှန်တော့ မှားတာ မဟုတ်ပါဘူး။ ဝမ်းနည်းမှုကို ခံစားရတာပါ။ ဒီဝမ်းနည်းမှုပိုင်းဟာ အချိန်တစ်ခုကြာရင် ပျောက်သွားမှာပါ။ ဒီခံစားချက်လောက်နဲ့ ပြန်မတွဲ သင့်ပါဘူး။ ပြန်တွဲလို့ ဒုက္ခဖြစ်ရမှာတွေက ဒီ့ထက်ဆိုးပါတယ်။

၃ - မပြောင်းဘူး

နှစ်ယောက်စလုံးဟာ ပြတ်ခဲ့တုန်းက အချိန်အတိုင်း ၁၀၀ ရာခိုင်နှုန်း ပြောင်းလဲမှု မရှိကြဘူးဆိုရင်လည်း ပြန်မတွဲသင့်ပါဘူး။

၎ - အထီးကျန်မှု

သူငယ်ချင်းတွေနဲ့ သွားလာပျော်ရွှင်နေရပေမဲ့ အထီးကျန်တယ်လို့ ခံစားရတဲ့အချိန်တွေ ရှိပါတယ်။ တကယ်ရင်းနှီးပြီး ကိုယ့်နဲ့စိတ်တူကိုယ်တူ ရှိပေးနိုင်မယ့် ဘဝလက်တွဲဖော်ကို တောင့်တတာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ရည်းစားဟောင်းဆီ လှည့်မသွားသင့်ပါဘူး။ သင့်အထီးကျန်မှုကို ဒဏ်ရာတွေနဲ့ ဖြေဖျောက်ပေးမှာထက်စာရင် တစ်ယောက်တည်း နေလိုက်တာက ပိုကောင်းပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top