iMyanmarHouse.com - Best Property Website for Myanmar
×

အိမ်မှာ ထမင်းဟင်းချက်ရင်းဖြစ်ဖြစ် မီးပူတိုက်ရင်းဖြစ်ဖြစ် မတော်တဆ အပူလောင်မိတတ်ပါတယ်။ဆေးရုံ ၊ဆေးခန်း သွားရလောက်အောင်လည်း မကြီးပေမဲ့ နာနေတာ၊ အရည်ကြည်ပူထွက်တာတွေက အရမ်းခံစားရခက်ပါတယ်။စပ်ဖျဉ်းဖျဉ်းနဲ့ နာနေတတ်ပြီး ရေထဲမှာပဲ စိမ်ထားချင်လောက်အောင် ဖြစ်လေ့ရှိပါတယ်။ဒါကြောင့် အိမ်မှာဖြစ်တတ်တဲ့ အပူလောင်နာသေးသေးလေးတွေအတွက် ကုသနည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

လက်ဖက်ခြောက် အဖတ်
သုံးပြီးသား လက်ဖက်ခြောက်ဖတ်မှာ တန်းနစ် အက်ဆစ်ဓာတ်ပါတဲ့အတွက် အပူလောင်ထားတဲ့ အရေပြားပေါ်က အပူကို စုပ်ယူပြီး နာကျင်မှုကို သက်သာစေပါတယ်။အေးပြီး စိုစွတ်နေတဲ့ လက်ဖက်ခြောက်ဖတ်ကို အရေပြားပေါ်အုံထားလိုက်ရင် သက်သာသွားမှာ ဖြစ်ပါတယ်။

ပျားရည်
ပျားရည်က ပိုးသေစေနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် အရေပြားကို ပိုးမဝင်စေဘဲ အပူလောင်နာကို အမြန်ပျောက်စေနိုင်တဲ့ အစွမ်းရှိပါတယ်။ပြီးတော့ အရေပြားကိုလည်း အေးမြစေပါတယ်။

နွားနို့
ပရိုတင်းနဲ့ အဆီဓာတ် ပြည့်ဝတဲ့နွားနို့က အပူလောင်တဲ့ အရေပြားကို အေးမြစေရုံမက အမြန်ပျောက်ကင်းစေဖို့ကိုလည်း ကူညီပေးပါတယ်။ အကောင်းဆုံးကတော့ နွားနို့ထဲကို ၁၅ မိနစ်လောက် စိမ်ထားဖို့ပဲ ဖြစ်ပါတယ်။

ပူရှိန်းပါတဲ့ သွားတိုက်ဆေး
အပူလောင်တဲ့ နေရာကို ရေအေးနဲ့ ဆေးလိုက်ပြီး ခြောက်သွားအောင် သန့်ရှင်းတဲ့ တစ်ရှုးဖြစ်ဖြစ် ၊ ပတ်တီးစနဲ့ ဖြစ်ဖြစ် ဖွဖွလေးသုတ်လိုက်ပြီး သွားတိုက်ဆေးလိမ်းထားလိုက်ပါ။ချက်ချင်းပဲ အရေပြား အေးသွားပြီး နေရတာ သက်သာသွားမှာ ဖြစ်ပါတယ်။



Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top