iMyanmarHouse.com - Best Property Website for Myanmar
×

အချစ်နဲ့အမုန်းဆိုတာ အမြဲတမ်းဒွန်တွဲနေတယ်လို့ဆိုကြပါတယ်။ ချစ်ရတာ ကောင်းတဲ့အချက်ရှိသလို မကောင်းတဲ့အချက်လည်းရှိပါတယ်။ အမုန်းဆိုတာ ပူလောင်တယ်လို့ထင်ကြပေမယ့် တစ်ခါတစ်ရံမှာ မုန်းတတ်ခြင်းကလည်း ကောင်းနေပြန်ပါတယ်။ ဘယ်လိုကောင်းသလဲဆိုတာ  ဖော်ပြပါ့မယ်။

၁။ တိုးတက်လမ်း

လူတစ်ယောက်ကို ကြည့်မရဘဲ မုန်းလာတဲ့နောက်မှာ တကယ်လို့ အဲ့ဒီလူကကိုယ့်ထက်ထူးချွန်နေရင် ပိုချမ်းသာနေရင် မခံချင်စိတ်ရဲ့နှိုးဆွမှုကြောင့် ကိုယ်ကလည်း ကိုယ့်ကိုယ်ကိုယ်သူ့ထက်ပိုတော်ပိုတတ် ပိုချမ်းသာအောင်ကြိုးစားချင်လာပါမယ်။

 ၂။ ချစ်မိတာ

အချစ်နဲ့အမုန်းဆိုတာ နံရံပါးပါးလေးတစ်ချပ်ပဲခြားတာပါ။ တချို့ဆို အရမ်းမုန်းတယ်ဆိုတာ အရမ်းချစ်မိနေလို့ဆိုတဲ့အယူတောင်ရှိကြပါသေးတယ်။ ကိုယ်အရမ်းမုန်းနေတဲ့သူကို တကယ်တမ်းက ကိုယ်အရမ်းချစ်မိနေတာလည်းဖြစ်နိုင်တာမို့ ပျော်စရာတွေရှိမလာနိုင်ဘူးလို့ ဘယ်သူမှအာမမခံနိုင်ပါဘူး။

၃။ ခံစားချက်

မုန်းတတ်တာက ဘာခံစားချက်မှမရှိတာထက်စာရင်တော့ လူပီသတဲ့အပြုအမူလို့ ဆိုကြပါတယ်။

၎။ ဆင်ခြင်လာနိုင်

ချစ်လည်းချစ်ဖူး၊ မုန်းလည်းမုန်းဖူးပြီဆိုမှတော့ အဲ့ဒီ့ရလဒ်တွေပေါ်မှာ သင်ခန်းစာတွေ၊ ဆင်ခြင်သုံးသပ်စရာတွေ ရှိလာပါပြီ။ ကောင်းကွက်ဆိုးကွက်တွေကို အကောင်းဆုံးရှာဖွေပြီး လိုတာယူ  မလိုတာကိုပယ် ကျင့်ကြံတတ်ဖို့ကြိုးစားရမှာပါ။

၅။ ဆွဲဆောင်မှု

ချစ်သူနဲ့အရမ်းချစ်နေတတ်တဲ့သူက အမြဲပြုံးပျော်ပြီး ချစ်စရာကောင်းနေတဲ့အသွင်နဲ့မြင်ရတတ်သလို လူတစ်ယောက်ကို ကြည့်မရဘဲမုန်းတီးနေတဲ့သူဟာလည်း ရှုံမဲ့နေတဲ့မျက်နှာထားမျိုးမထားဘဲ ကိုယ့်ကိုယ်ကိုထင်ပေါ်အောင်နေနိုင်တဲ့သူတွေရှိတတ်ကြပါတယ်။ အဲ့လိုအခါမှာ အဲ့လိုအမုန်းတရားနဲ့ရှင်သန်နေတဲ့သူတွေဟာ ပိုထက်မြက်တဲ့ပုံစံပေါက်ကာ ဆွဲဆောင်မှုတစ်မျိုးရှိနေတတ်ပြန်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top