iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ရေချိုးခန်းထဲမှာ အေးအေးလူလူစိမ်ချိုးပါ

ရေနွေးနွေးလေးကို ဆပ်ပြာအမြှုပ်တွေအများကြီးနဲ့ စိမ်ချိုးရတာ ဇိမ်ပါပဲ။ ကိုယ့်အကြိုက်သီချင်းလေးကိုလည်း ဖွင့်ပြီးနားထောင်လို့ရသလို၊ ကိုယ်တိုင်လည်း ရေချိုးခန်းအဆိုတော်လုပ်လို့ရပါတယ်။

၂။ ဂိမ်းဆော့ပါ

တကယ်လို့ အိမ်မှာကိုယ့်လိုပဲ မိုးသည်းလို့ အပြင်မထွက်ဖြစ်တဲ့ မိသားစုဝင်ရှိရင် သူနဲ့အတူတူ ဂိမ်းဆော့လို့ရတာပေါ့။ မီးပျက်နေတယ်ဆိုလည်း လျှပ်စစ်မီးမလိုတဲ့ဂိမ်းတွေ (ဥပမာ - မိုနိုပိုလီတို့၊ ကျားထိုးတာတို့) ဆော့လို့ရတာပေါ့။

၃။ အလှအပရေးရာ

ဆံပင်ပေါင်းတာတာမျိုး၊ မျက်နှာပေါင်းတင်တာမျိုးတို့လို လှပဖို့အတွက် လုပ်ဆောင်နိုင်ပါတယ်။

၎။ မုန့်လုပ်စားတာ

ကိုယ့်အကြိုက် မုန့်တွေကို လုပ်စားမလား၊ ဒါမှမဟုတ် အိမ်ကလူတွေအကြိုက်ကို လက်စွမ်းပြမလား၊ နှစ်သက်ရာ အစားအစာတစ်မျိုးမျိုးကို ကိုယ်တိုင်ချက်ပြုတ်တာလည်း စိတ်ဝင်စားစရာကောင်းမှာပါ။

၅။ ဇာတ်လမ်းကြည့်မယ်

ကိုယ့်အကြိုက် စုဆောင်းထားသမျှ ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေကို အေးအေးလူလူကြည့်ဖို့ရာ အကောင်းဆုံးအချိန်ပါပဲ။

၆။ စာအုပ်ဖတ်

အိပ်ယာထဲမှာ စောင်လေးခြုံပြီး စာအုပ်ကောင်းကောင်းလေးကို ကော်ဖီသောက်ရင်း ဖတ်ရတာကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။


Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top