iMyanmarHouse.com - Best Property Website for Myanmar
×

အိုမင်းရင့်ရော်ခြင်းက ရှောင်လွှဲလို့ မရတဲ့အရာပါ။ ဒါတွေက အဝလွန်ခြင်း၊ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောရောဂါ အပါအဝင် ကျန်းမာရေးပြသနာပုံစံတချို့လည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အသက်ကြီးလာတာနဲ့အမျှ အသားအရေဟာ ပိုမိုပါးလွှာပြီး ခြောက်သွေ့လာပါတယ်။ မျက်နှာအရေးအကြောင်းနဲ့ အတွန့်ကြောင်းတွေဖြစ်စေပြီး ဆံပင်၊ အသားရေ အရောင်ဖြစ်ပေါ်ခြင်း၊ ကျုံ့ဆန့်နိုင်မှုနဲ့ ကြံ့ခိုင်မှု ဆုံးရှုံးခြင်းနဲ့ အသားရေမွဲခြောက်ခြင်းတွေ ပိုဖြစ်လာပါတယ်။ တခါတရံ ခန္ဓာကိုယ်မှ အိုမင်းရင့်ရော်မှု လက္ခဏာကို မျှော်လင့်တာထက် ပိုစောပြတတ်ပါတယ်။ ပတ်ဝန်းကျင်၊ ဘဝနေထိုင်မှုပုံစံနဲ့ အစားအစာက အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု ဖြစ်ပေါ်စေတတ်ပါတယ်။

အသားအရေနဲ့ အဘက်ဘက်မှ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သက်ဆိုင်ရာနေ့စဉ်အလေ့အကျင့်များ ရှောင်ရှားခြင်းဖြင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ကာကွယ်တားဆီးနိုင်ပါတယ်။ အသားအရေ အရွယ်ကျမြန်စေတဲ့ အလေ့အကျင့် (၁၀) ခုမှာတော့

၁။ ဆေးလိပ်သောက်ခြင်း

၂။ အလွန်အကျွံသောက်စားခြင်း

၃။ ဒေါသ အမြဲထွက်ခြင်း

၎။ နေရောင်ခြည်နဲ့ ထိတွေ့ခြင်း

၅။ အိပ်ချိန်အလွန်းနည်းပါးခြင်း

၆။ အချိုစားသုံးခြင်း

၇။ စိတ်ဖိစီးမှုခံရခြင်း

၈။ မှားယွင်းတဲ့ အသားအရေထိန်းသိမ်းမှု

၉။ တစ်နေကုန် ရုပ်မြင်သံကြားထိုင်ကြည့်ခြင်း

၁၀။ ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ အစားအစာ မှီဝဲစားသုံးခြင်း တို့ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top