iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ချို့ကောင်လေးတွေက ရှက်ရွံ့တတ်ကြပါတယ်။ မထုံတတ်တေးနဲ့ ကောင်မလေးတွေနဲ့ တွေ့တဲ့အခါ အူတူတူအတ
တနဲ့ စကားတွေတုန်တယ်၊ လည်ချောင်းတွေ ခြောက်တယ်၊ ဒူးတွေခါတယ်။ ဒီလိုကောင်လေးမျိုးကိုမှ သင်က ကြိတ် Crush နေမိတယ်ဆိုရင် အဲဒီကောင်မလေးတွေအတွက် အကြံပြုချက်လေးတွေ ပေးလိုက်ပါ
တယ်။
(၁) အမူအယာပြပါ

ကိုယ်စိတ်ဝင်စားကြောင်း အမူအယာပြရတာ ရှက်စရာမဟုတ်ပါ။ မိန်းကလေးတွေအတွက် ဒီနည်းတစ်ခုပဲ အားကိုးစရာ ရှိ
ပါတယ်။ ဒီတော့ အရမ်းကြီး ကလတ်တတ်တတ်မဆန်တဲ့ နည်းကို သုံးပေါ့။ မျက်လုံးချင်းဆုံအောင်ကြည့်တာတို့၊ စကား
လက်ဆုံကျအောင် စီမံတာတို့ ဘာတို့ပေါ့။
(၂) လိုက်လျှောညီထွေရှိသော စွဲဆောင်မှု

လိုက်လျှောညီထွေမှုရှိတဲ့ စွဲဆောင်မှုဆိုတာ ရှက်တတ်ရွံ့တတ်တဲ့ အမျိုးသားတွေဟာ များသောအားဖြင့် ဆန်းဆန်းကျယ်
ကျယ် ပုံစံတွေကို သဘောကျလေ့မရှိပါဘူး။ ဒီတော့ သူ သဘောကျနိုင်မယ့်ပုံစံ ဘာဆိုတာ သိမှ စွဲဆောင်မှုဟာ ထိ
ရောက်ပါတယ်။
(၃) ရုပ်ရည်ကို ဂရုစိုက်ပါ

နောက်တစ်ခုက ရုပ်ရှည်ပေါ့။ ရုပ်ရည်က သူမတူအောင် လှပနေတာထက်စာရင် မာနမကြီးတဲ့ပုံစံမျိုး ဖြစ်နေမှ သူတို့တစ်
တွေက ပိုပြီး စိတ်ထဲ ကြိတ်ခိုက်လေ့ရှိပါတယ်။ မာနကြီးတဲ့အမျိုးသမီးတွေဟာ လူရှေ့သူရှေ့လည်း ရှက်ရကောင်းမှန်းမသိ
ကော်ဆဲတတ်သူတွေလို့ ယူဆလေ့ရှိပြီး စိတ်နဲ့တောင် ပစ်မှားဖို့ မကြိုးစားပါဘူး။
(၄) ပွင့်ပွင့်လင်းလင်း ဆက်ဆံပါ

သူတို့ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံမှ သူတို့က ရဲတင်းပါတယ်။ ဟာသလေးတွေ ပေါ့ပေါ့ပါးပါး မေးခွန်းလေးတွေ ပြော
ပေးရင် သူတို့ တစ်ဖြည်းဖြည်း ရှက်ကြောပျက်လာမှာပါ။
(၅) စကားများများပြောပေးပါ

စကားဆိုတာ ပြောပါများလေ တစ်ယောက်နဲ့ ရင်းနီလေ၊ တစ်ယောက်ရဲ့ သဘောထားကို တစ်ယောက်က ရိပ်မိသိရှိနိုင်
လေပါဘဲ။ အချိန်ရတာနဲ့ စကားပြောဖို့ ကြိုးစားပါ။
(၆) အကူအညီတောင်းခံပါ

သူတို့တစ်တွေကို အကူအညီတောင်းခံကြည့်ပါ။ ဒါဟာ သူတို့အတွက် ရဲတင်းစေပြီး၊ သင့်ကို အရမ်းကြီးခက်ထန်သူမ
ဟုတ်ဖူးလို့ ထင်မြင်စေပါတယ်။
(၇) Date အတွက် လမ်းစပေးပါ

နင်နဲ့ငါနဲ့ အပြင်မှာ တွေ့ရအောင်-ဆိုပြီး သွားမလုပ်နဲ့။ တန်းနေအောင် ပြေးမယ်သူတွေပေါ့။ ဥပမာ- အဲဒီ … ဆိုင်က အ
စားအသောက် သိပ်ကောင်းတာ၊ အခင်းအကျဉ်းလည်း သန့်တယ်ဟ … တစ်ရက်ရက်လောက် ငါတို့ သွားရအောင် …
စိတ်ပျေလက်ပျောက်ပေါ့ဟာ … အိမ်ထဲအောင်းနေရလို့ မွန်းကြပ်တဲ့စိတ်တွေကို ထွက်ပေါက်ပေးတဲ့သဘောပေါ့ … ဆိုပြီး
လမ်းစပေးတဲ့ ပုံစံနဲ့ ပြောကြည့်ပါ။ ဒီတစ်ခု ငြင်းရင် နောက်တစ်ရက်လောက် ရောက်တဲ့အခါ နောက်တစ်နေရာ ပြော
ကြည့်ပါ။



Credit:Shwemom

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top