iMyanmarHouse.com - Best Property Website for Myanmar
×

အခြားရာသီဥတုတွေထက် ပိုပြီးပူတဲ့ နွေရာသီကြောင့် ဆံပင်တွေ ပျက်စီးရပါတယ်။ အပြင်ကို မကြာခဏ ထွက်နေရသူတွေကတော့ သေချာပေါက် ပျက်စီးပြီပေါ့။ ယခုနှစ်နွေရာသီဟာ ယခင်နှစ်တွေထက် ပိုပြီး အပူရှိန်ပြင်းထန်တာကြောင့် ဆံပင်တွေလည်း ပိုပြီးပျက်စီးပါလိမ့်မယ်။ ဆံကေသာနဲ့ ဦးရေပြား မပျက်စီးရစေမယ့် နည်းလမ်းလေးတွေကို duwun က မျှဝေလိုက်ပါတယ်။

၁။ အကာအကွယ်

နေရောင်ကို ဆံပင်နဲ့ တိုက်ရိုက်မထိတွေ့ပါစေနဲ့။ ဦးထုပ်၊ ထီးတို့လို အကာကွယ်တွေ ဆောင်ထားပါ။ ဦးခေါင်းတစ်ခုလုံး လုံခြုံဖို့အတွက်ဆိုရင်တော့ ပုဝါကို အသုံးပြုနိုင်ပါတယ်။

၂။ သက်သောင့်သက်သာ

ပြင်းထန်တဲ့ အပူချိန်မှာ ဆံပင်ကို တင်းကြပ်နေအောင် စည်းနှောင်ထားတာမျိုးက ဆံကေသာကို ခြောက်သွေ့ပျက်စီးစေပါတယ်။ သက်သောင့်သက်သာဖြစ်စေမယ့် ခပ်လျော့လျော့အနေအထားမျိုးမှာထားတာ အကောင်းဆုံးပါပဲ။

၃။ ခေါင်းလျှော်တာလျှော့ပါ

ခေါင်းခဏခဏလျှော်တာ တကယ်တော့ မကောင်းပါဘူး။ ဦးရေပြားကထွက်တဲ့ သဘာဝအဆီကို ခမ်းခြောက်စေပါလိမ့်မယ်။ နွေရာသီမှာဆို ခေါင်းလျှော်တာ ပိုလျှော့သင့်ပါတယ်။ ဒါမှမဟုတ် dry shampoo ကိုလည်း ထည့်သွင်းစဉ်းစားလို့ ရပါတယ်။

၎။ အပူပေးတာလျှော့ပါ

ဆံပင်လေမှုတ်စက် (hair dryer)ကို သိပ်မသုံးပါနဲ့။ ဆံပင်ပုံသွင်းတာ၊ ဖြောင့်စက်ဆွဲတာတွေကြောင့် ဆံပင်ပျက်စီးရုံသာမကဘဲ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

၅။ ဆံပင်ပျော့ဆေး

အမြဲတမ်း သုံးသင့်တာ ဆံပင်ပျော့ဆေးပါ။ သဘာဝ ဆံပင်ပျော့ဆေး သုံးချင်ရင်တော့ apple cinder vinegar (ပန်းသီးဗီနီဂါ)ကို ရေနဲ့ရောစပ်ပြီး သုံးနိုင်ပါတယ်။ ခေါင်းလျှော်ပြီးလို့ ရေပြန်ဆေးတဲ့အခါ သုံးပေးရုံပါပဲ။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top