iMyanmarHouse.com - Best Property Website for Myanmar
×

ကျန်းမာသန်စွမ်းတဲ့ သွားတွေ ပိုင်ဆိုင်ချင်ရင် ခံတွင်းသန့်ရှင်းရေး အရမ်းအရေးကြီးပါတယ်။ ဒီတော့ မိမိသွားဆရာဝန်နဲ့ ပုံမှန်ပြပြီး သွားပိုးပေါက်တွေကြောင့် ဖြစ်တဲ့ သွားကိုက်ပြသနာတွေ ဖြေရှင်းဖို့ အလွန်အဓိကကျပါတယ်။ဒါပေမယ့် မိမိသွားဆရာဝန်ဆီ ပြဖို့အဆင်မပြေတဲ့ အခြေအနေမျိုးဆိုရင် အကိုက်အခဲ ပျောက်ကင်းစေမယ့် ဒါမှမဟုတ် သက်သာစေမယ့် သဘာဝဆေးနည်းတွေ ရှိပါတယ်။

ဒီသွားကိုက်ဝေဒနာမှ ကင်းဝေးစေမယ့် အိမ်တွင်းဖြစ် သဘာဝဆေးနည်းကတော့. . .

ပါဝင်ပစ္စည်းများ

·         လေညှင်းပွင့်

·         အုန်းဆီ

ပြင်ဆင်ပုံပြင်ဆင်နည်း

လေးညှင်းပွင့် ကို ကြိတ်ပြီး coconut oil ထဲရောထည့်ပါ။ ဆေးက ပြင်ဆင်ပြီး ဖြစ်သွားပါပြီ။

အသုံးပြုပုံ

ကိုက်ခဲနေတဲ့ သွားပေါ် ၁ မိနစ် တစ်ခါ ၃ ကြိမ် ဆက်တိုက် လိမ်းပေးရပါမယ်။

လေးညှင်းပွင့်မှာ ပါဝင်တဲ့ အကိုက်အခဲပျောက်ဆေး၊ မထိန်းနိုင်မသိမ်းနိုင် ကိုက်ခဲမှုပျောက်ဆေးနဲ့ ရောဂါပိုးသေစေတဲ့ အာနိသင်တွေနဲ့ အုန်းဆီမှာ ပါဝင်တဲ့ သွားနဲ့ ခံတွင်းရှိ ရောဂါပိုးမွှားများ သေစေတဲ့ အစွမ်းထက် ပိုးသတ်ဆေးအာနိသင်တွေရဲ့ ကျေးဇူးကြောင့် ကိုက်ခံမှုဝေဒနာ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။


Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top