iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား အန်းဂျယ်ဟွန်း သည် ချစ်သူ သရုပ်ဆောင် မင်းသမီး ဂူဟယ်ဆွန်းအား လက် ထပ်ခွင့်တောင်းသည့် ဗီဒီယိုကို ၎င်း၏ Instagram လူမှုကွန်ရက် ၌ ဖော်ပြခဲ့သည်။

အန်းဂျယ်ဟွန်းက ‘ပန်းစည်းဖြင့် လက်ထပ်ခွင့်တောင်းခြင်း’ ဟု အမည်တပ်ထားသော ဗီဒီယို တစ်ခုကို မေလ ၆ ရက်တွင် Instagram စာမျက်နှာ၌ ဖော်ပြခဲ့သည်။ ယင်းဗီဒီယိုတွင် ချစ် စဖွယ်ပြုံးနေသော ဂူဟယ်ဆွန်းကို တွေ့ရသည်။ အန်းဂျယ်ဟွန်းသည် ဂူဟယ်ဆွန်းအား လက်ထပ်ခွင့်တောင်းသည့် ဓာတ်ပုံတစ်ပုံကို လည်း ဖော်ပြခဲ့သည်။

Blood အမည်ရ ဒရာမာ ဇာတ်လမ်းတွဲတွင် ပူးတွဲသရုပ် ဆောင်ခဲ့သော အန်းဂျယ်ဟွန်းနှင့် ဂူဟယ်ဆွန်းတို့သည် ပြီးခဲ့သည့် နှစ် ဧပြီက ချစ်သူများဖြစ်လာပြီး ယခုနှစ် မေလ ၂၁ ရက်တွင် လက်ထပ်မည်ဖြစ်သည်။ ၎င်းတို့ မင်္ဂလာပွဲသည် နှစ်ဖက်မိဘများအား တရားဝင်တွေ့ဆုံစေမည့် ရိုးရှင်းသောပွဲတစ်ပွဲသာ ဖြစ်လာနိုင် သည်။  မင်္ဂလာပွဲအခမ်းအနားအတွက် စုဆောင်းထားသော ငွေများကို ကလေးဆေးရုံသို့ လှူဒါန်းမည်ဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top