iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ပါးသူ စကားပြောနေချိန်မှာ ကောင်းကောင်းမွန်မွန် နားထောင်တတ်တဲ့ အကျင့်မရှိတာ သိပ်ဆိုးပါတယ်။ ဒါပေမယ့် ဒါ သင့်အပြစ်ချည်းလည်း မဟုတ်ပါဘူး။ ကျွန်ုပ်တို့ အသက်ရှင်သန်ချိန်အများစုကို စကားပြောဆိုခြင်းဖြင့် ကုန်ဆုံးစေကြပါတယ်။ ဒီလိုစကားပြောဆိုခြင်းမှာ အသားပေးမှုကြောင့် ကျွန်ုပ်တို့အများစုဟာ အပြန်အလှန်စကားပြောခြင်းရဲ့ နောက်တစ်ဖက်ခြမ်းအပိုင်းဖြစ်တဲ့  နားထောင်ခြင်းကို ကျွမ်းကျင်ပိုင်နိုင်မှု မရှိကြတာပါ။ နားထောင်ကောင်းသူတွေ လုပ်ဆောင်နေတဲ့ အချက် (၄) ချက်ရှိပါတယ်။

၁။ လူကို လှုံ့ဆော်ပေးခြင်း

"Go on" ဆက်ပြောပါ လို့ ပြောလိုက်ရုံနဲ့တင် လုံလောက်နေပါပြီ။ ဒါက အပြန်အလှန်စကားပြောဆိုမှုကို ပိုမိုနက်ရှိုင်းစေပါတယ်။

၂။ ပိုမိုနားလည်အောင် ရှင်းလင်းချက် တောင်းဆိုခြင်း

သူတို့ပြောဆိုတဲ့အကြောင်းအရာကို အလွယ်တကူ နားလည်အောင် ရှင်းပြခိုင်းတာ နားထောင်သူနဲ့ ပြောဆိုသူ နှစ်ယောက်လုံးအတွက် ပိုပြီး နားလည်သဘောပေါက်မှု ဖြစ်စေပါတယ်။

၃။ သူများကို ဆရာမလုပ်

ပျော့ကွက် အားနည်းချက်ကို ပြစ်တင်မပြောဆိုဘဲ တဘက်သားရဲ့ စူးစူးနစ်နစ်ခံစားချက်၊ ရှုံးနိမ့်မှုနဲ့ အကြောင်းမဲ့ အတွေးတွေကြောင့် ယုံကြည်မှုရနိုင်ကြောင်း အရိပ်အယောင်ပြကြပါတယ်။

၎။ ဝေဖန် သဘောထားကွဲလွဲမှုမရှိ

ပြောလိုက်တဲ့အချက်တိုင်း ခေါင်းငြိမ့်သဘောတူဖို့ဆိုတာ ပေါကြောင်ကြောင်နဲ့ ပျင်းစရာကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် လိမ္မာပါးနပ်တဲ့ နားထောင်သူတွေက တဖက်သားကို သဘောမတူတဲ့ အချိန်မှာတောင် သဘောကျ လေးစားမှုရှိနေသေးကြောင်း ထင်ဟပ်အောင် လုပ်ပြတတ်ကြပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top