iMyanmarHouse.com - Best Property Website for Myanmar
×

သံပုရာမျိုးရင်းဝင်ဖြစ်တဲ့ ရှောက်သီးဟာ သံပုရာသီးနဲ့ယှဉ်တဲ့အခါကျတော့ အချဉ်ပေါ့တယ်၊ အခွန်ပိုထူတယ်၊ အရည်ရွှမ်းပါ
တယ်။ အဓိကအားဖြင့်တော့ ဗီတာမင် C ဓာတ် 53 မီလီဂရမ်အထိ ပါဝင်ပြီး ပုံမှန်သုံးစွဲတဲ့ အမျိုးသမီးတွေကို အောက်ပါ
ကျန်းမာရေးကောင်းကျိုးတွေ ပေးမှာ ဖြစ်ပါတယ်။
(၁) သွားနဲ့ အရေအပြားကို အလှတိုးစေမယ်

ရှောက်သီးကို နေ့စဉ်မှီဝဲပေးပါက ပါဝင်တဲ့အက်စစ်ဓာတ်ကြောင့် သွားကြွေလွှာပေါ်မှာ တွယ်ကပ်နေတဲ့ အညှိတွေကို အ
ချိန်တိုအတွင်း ဖယ်ရှားပေးနိုင်ပါတယ်။ သွားကြွေလွှာကို ကာကွယ်ပေးပြီး ဗီတာမင် C ဓာတ်ကြောင့် အသားရေကိုလည်း
လှပစေပါတယ်။
(၂) မျက်နှာပြင် ချောမွေ့နူးညံမှုအတွက်

အုန်းဆီအနည်းငယ်ကို ရှောက်ရည်အနည်းငယ်နဲ့ ရေချိုးခန်းမ၀င်ခင် ဆယ်မိနစ်လောက် စောပြီး လိမ်းပေးပါ။ ဒီနည်းဟာ မျက်နှာပြင် ရေဓာတ်ခန်းခြောက်ခြင်းနဲ့၊ အသားရေမွဲခြောက်ခြောက်ဖြစ်ခြင်းကို ကာကွယ်ပေးပြီး နူးညံ့မှုကို ပေးစွမ်းပါ
တယ်။
(၃) ဒူး/တံတောင်ဆစ် ညိုမည်းခြင်းအတွက်လည်း အဆင်ပြေစေတယ်

အချို့မိန်းမပျိုလေးတွေဟာ ရုပ်ကလေးတွေ လှပသလောက် ဒူးဆစ်နဲ့တံတောင်ဆစ်တွေကျတော့ ညိုမည်းကာ အရုပ်ဆိုး
လှပါတယ်။ ဒီအတွက်လည်း စိတ်မပူပါနဲ့။ ရှောက်သီးနဲ့ ပွတ်ပေးပါ။ တစ်ပတ်လောက် ဆက်တိုက်ပွတ်ပေးလိုက်ရင်
ပျောက်သွားပါလိမ့်မယ်။
(၄) ၀က်ခြံ/မှဲ့ခြောက်/တင်းတိပ်အတွက် ပူရန်မလို

အမျိုးသမီးတွေ အကြောက်ဆုံးရောဖြစ်တဲ့ ၀က်ခြံ/မှဲ့ခြောက်/တင်းတိပ်-စတဲ့ အရေအပြားရောဂါတွေအတွက်တော့
ရှောက်သီး ပျားရည်အနည်းငယ်နဲ့ရောစပ်ပြီးသာ လိမ်းပေးပါ။ တစ်ပတ်အတွင်း လုံးဝ အရှင်းပျောက်သွားမှာပါ။
(၅) လက်သဲခြေသဲကို သန်မာစေတယ်

ကယ်လ်စီယံချို့တဲ့ခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်တဲ့ လက်သဲခြေသဲတွေ အကြမ်းမခံဘဲ ပဲ့တာ၊ ကျိုးတာမျိုး ဖြစ်ရင် အမြန်
လက်သဲခြေသဲကို သန်မာစေတဲ့ နည်းလမ်းရှိပါတယ်။ သံလွင်ဆီအနည်းငယ်နဲ့ ရှောက်ရည်ကို ရောစပ်မွှေပြီး လက်သဲခြေ
သဲကို စိမ်ပေးပါ။ တစ်ပတ်လောက်ဆိုရင် လက်သဲခြေသဲတွေ သိသိသာသာ သန်မာလာတာကို တွေ့ရပါလိမ့်မယ်။



Credit : Shwemom

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top