iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ကျေကျေညက်ညက် ဝါး

အစာကို ဖြည်းဖြည်းချင်း ကြေကြေညက်ညက်ဝါးပါ။ ဒီလိုဖြည်းဖြည်းချင်းစားပြီး ဦးနှောက်ကို အလုပ်လုပ်ခွင့်ပေးလိုက်တာကြောင့် ဗိုက်ပြည့်သွားပြီဆိုတာနဲ့ သင်သိရပါလိမ့်မယ်။

၂ - အာရုံနှောက်တာမျိုး ရှောင်

စားနေတုန်း တီဗီကြည့်တာ၊ စာအုပ်ဖတ်တာ၊ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေကို ရှောင်ပါ။ သင်မသိဘဲ ပိုစားမိတာတွေ ဖြစ်နေနိုင်ပါတယ်။

၃ - ပရိုတိန်းပိုစားပါ

ပရိုတိန်းဟာ ဗိုက်ပြည့်တယ်လို့ ခံစားရမှုကို မြင့်တက်စေပါတယ်။ အသား၊ ငါးနဲ့ ဥတွေဟာ ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

၎ - ပန်းကန်သေးသေး

ပန်းကန်က ကြီးတာကြောင့် များများထည့်ပြီး များများစားဖြစ်လာပါတယ်။ ပန်းကန်သေးသေသုံးတဲ့အခါ အများကြီး စားပြီးသွားသလိုလည်း ခံစားရပါတယ်။

၅ - အချိုရည်

သကြားပါတဲ့ အချိုရည်တွေ သောက်တာကိုတော့ လျှော့ချရမှာ ဖြစ်ပါတယ်။

၆ - ရေသောက်

ထမင်းမစားမီ ရေတစ်ခွက်သောက်ပါ။

၇ - အပြင်စာ

နည်းနည်းချင်းစားတဲ့ အပြင်စာတွေကိုတော့ လုံးဝရှောင်ရမှာ ဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top