iMyanmarHouse.com - Best Property Website for Myanmar
×

(၁) အတွေ့အကြုံရချင်လို့

ဒီလိုအတွေ့အကြုံမျိုးဆိုတာ မတမ်းတစကောင်းပါဘူး။ ဒါပေမယ့် ငွေစကြေးစရွှင်တဲ့ အမျိုးသားတွေဟာ အခြားသူတွေရဲ့မြှောက်ပင့်ပေးမှုလည်း ပါချင်ပါနိုင်သလို၊ ကိုယ်တိုင်လည်း အပျော်သဘောသက်သက်ဆိုတဲ့သဘောနဲ့ အမြှောင်မယား
ထားတတ်ကြပါတယ်။

(၂) စိတ်ရှုပ်ထွေးလွန်းလို့

နောက်တစ်ခုကတော့ လူမှုရေး စီးပွားရေးကိစ္စရပ်တွေ ခေါင်းထဲမှာ ရှုပ်ထွေးလွန်းတဲ့အခါ ထွက်ပေါက်ကလေးများ ရမလားဆိုတဲ့သဘောနဲ့လည်း နောက်မီးလင်းတတ်ပါတယ်။

(၃) ညည်းငွေ့လို့

လက်ရှိအိမ်ထောင်ဘက်ရဲ့ပစိပစပ်နိုင်မှုကြောင့်တဖြည်းဖြည်းအကြောမတည့်ဖြစ်လာတဲ့အခါ နောက်
မယားငယ် ယူတတ်ပါတယ်။

(၄) အိမ်ထောင်ရေးသုခမပြည့်ဝလို့

အမျိုးသမီးက ရောဂါသည်ဆိုရင်လည်း ဒီလို အိမ်ထောင်ရေးသုခ မပြည့်ဝတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် လင်သားနဲ့ဇနီး အနေအရမ်းဝေးတဲ့အခါမျိုးမှာလည်း ဒီလို ဖြစ်တတ်ပါတယ်။

(၅) လက်ရှိအိမ်ထောင်ရေးကို အဆုံးသတ်ချင်လို့

ဒါကတော့ ပြင်းထန်လွန်းပါတယ်။တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုမှညှိမရတဲ့အခါ ကောက်ခါငင်ကာ
 နောက်မယားကောက်ယူသွားတတ်ပါတယ်။

(၆) လက်စားချေချင်လို့

မိန်းမကို လက်စားချေချင်တာလည်း ဖြစ်နိုင်သလို၊ မယားငယ်အထားခံရတဲ့ အမျိုးသမီးကို အကြောင်းအမျိုးသော အညှိုးနဲ့လက်စားချေချင်တာလဲ ဖြစ်နိုင်ပါတယ်။

Credit:Shwemom
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top