iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ်လောက်ပဲ မာနကြီးပြီး အမှီအခိုကင်းတဲ့ မိန်းမသား ဖြစ်ပါစေ စိတ်ကူးယဉ်ဖွယ် အချစ်နဲ့ တွေ့တဲ့အခါ သူမလည်းပဲ အချစ်ရဲ့ကျေးကျွန်ဖြစ်ရတာပါပဲ။ ဒူးလေးထောက်လို့ ချစ်ခွင့်ပန်လိုက်ရင် ဘယ်မိန်းကလေးမှ မခံနိုင်တာ အားလုံးအသိပါပဲ။ အဲ့ဒီနောက်တော့ တဆင့်ပြီးတဆင့် ခပ်မြန်မြန် တိုးတက်သွားလိုက်တာ အိမ်ထောင်ကျ ၊ ကလေးရပြီးနောက် ပြန်လည်ကွဲကွာသွားရတဲ့ အတွဲတွေလည်း ဒုနဲ့ဒေးပေါ့။

          ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတာ ပြန်လည်ဆန်းစစ်ကြည့်လိုက်တော့ romance ဆိုတဲ့ စိတ်ကူးယဉ်ဆန်ဆန် ရင်ခုန် ကြည်နူးဖွယ်အရာတွေကို အခြေခံလို့ ချစ်ခြင်းတစ်ခု အစပြုပြီးတဲ့နောက်တော့ အဲဒီ စိတ်ကူးယဉ် အဖြစ်အပျက်လေးတွေဟာ နေ့စဉ်ဘ၀ထဲမှာ တဖြည်းဖြည်း မေ့လျော့ပျောက်ဆုံးသွားရလို့ပါပဲ။ ဒီတော့ ချစ်ခရီးလမ်းတစ်လျှောက် မေ့လျော့ထားမိတဲ့ ဒီအချက်လေးတွေကို သတိပြုမိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁)     ပန်းတွေနဲ့ကောင်လေး ဖြစ်ပါစေ ။

          ပန်းတွေ။ အနီရောင်နှင်းဆီပန်းဆိုပါစို့။ ဒါမျိုးပြောလိုက်ရင် ကလေးဆန်တယ်လို့ ထင်ကြမယ်မှန်းသိပေမယ့် ထိရောက်မှုဘယ်လောက်ရှိတယ်ဆိုတာလည်း အားလုံးအသိပါ။ ဒါဟာ အထင်ရှားဆုံးတွေထဲက တစ်ခုဖြစ်တဲ့ အချစ်ရဲ့ သင်္ကေတပါ။ အမျိုးသမီးအတော်များများက ပန်းတွေ ချစ်တတ်ကြသလို အနီရောင်နှင်းဆီကတော့ ဘယ်ပန်းမှ မကျော်လွန်နိုင်တဲ့ ဂုဏ်သတ္တိထူးတွေနဲ့ပါ။ ဒါကြောင့် အနီရောင်နှင်းဆီပန်းတစ်စည်းနဲ့ ပြန်လည်ရင်ခုန်ကြည့်ပါ။

(၂)     သူမကို အံ့သြသွားအောင်လုပ်ပါ။

          ရက်ကောင်းတစ်ရက်ကို ရွေးပြီး ကြိုတင်ချိန်းဆိုမထားဘဲ နေ့လည်စာစားဖို့ သူမရုံးကို သွားခေါ်တာမျိုး ၊ ညနေဘက် အိမ်ကို စောစောကြိုပြန်ထားပြီး သူမအံ့အားသင့်သွားအောင် စိတ်ကူးယဉ်ဆန်တဲ့ ညစာစားပွဲလေး ပြင်ဆင်ပေးထားတာမျိုး ပြုလုပ်ကြည့်ပါ။ သူမနဲ့ ပထမဆုံး စတွေ့ခဲ့တဲ့ နေရာမျိုးကို ခေါ်သွားပြီး ကြည်နူးစရာ အတိတ်ကို ပြန်လည်ခံစားကြည့်တာမျိုးကလည်း နည်းလမ်းကောင်းပါပဲ။ ဒီလိုအသေးအဖွဲ ကိစ္စလေးတွေကပဲ သင်တို့ရဲ့ ချစ်ခရီးလမ်းကို ခိုင်မာစေအောင် အထောက်အကူပေးပါလိမ့်မယ်။

(၃)     အနမ်းတွေနဲ့ မဝေးပါစေနဲ့ ။

          ညနေဘက်မှာ နှစ်သက်တဲ့ တီဗီအစီအစဉ်တစ်ခုကို အတူတကွကြည့်နေလိမ့်မယ်။ ဒါမှမဟုတ် မီးရောင်မှိန်မှိန်လေးနဲ့ စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေလိမ့်မယ်။ အကြောင်းအရာတစ်ခု အကြောင်းကို ညဥ့်နက်တဲ့အထိ ဆွေးနွေးနေတာမျိုးလည်း ဖြစ်နိုင်တယ်။ ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ရှိနေ ရှိနေ မမေ့လျော့သင့်တဲ့အရာက အနမ်းတွေပါ။ ဒီလို အတူရှိနေချိန်မျိုးမှာ သူမကို သတိတရနဲ့ အနမ်းတစ်ပွင့်လောက်တော့ ပေးတာပဲဖြစ်ဖြစ် ၊ သူမထံက တောင်းဆိုတာပဲ ဖြစ်ဖြစ် ရှိသင့်ပါတယ်။

(၄)     မနက်စာ လုပ်ပေးပါ။

          ပုံမှန်အားဖြင့် သူမကသာ သင့်ကို မနက်တိုင်းအတွက် မနက်စာပြင်ပေးလေ့ရှိပါလိမ့်မယ်။ သင့်အနေနဲ့ ခပ်စောစောထပြီး မနက်စာပြင်ဆင်ကာ သူမအတွက် ကုတင်ဘေးအထိ ယူသွားပေးတတ်တဲ့ အကျင့်က သူမအတွက် အလွန်ပဲ နှစ်သိမ့်ကြည်နူးစရာ ကောင်းပါလိမ့်မယ်။ အကောင်းကြီးမဟုတ်တောင် သင်လုပ်တတ်တဲ့ ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်တစ်ချပ်က သူမအတွက်တော့ ဈေးကြီးပေးဝယ်ရတဲ့ မနက်စာတွေထက် ပိုတန်ဖိုးရှိနေပါလိမ့်မယ်။

(၅)     ပွေ့ဖက် ယုယပေးပါ

          ကာလရှည်ကြာ မေ့လျော့ထားတဲ့အရာတွေထဲမှာ နွေးနွေးထွေးထွေး ပွေ့ဖက်တာမျိုးလဲ ပါပါလိမ့်မယ်။ ဖြူစင်တဲ့စိတ်ထားနဲ့ နွေးနွေးထွေးထွေး ပွေ့ဖက်ခြင်းက ချစ်ခြင်းကို စကားလုံးမဲ့ ဖော်ပြနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါပဲ။ ဒီလိုအပြုအမူမျိုးတွေက သူမကို သင်တကယ် ဂရုစိုက်ကြောင်း ပြောပြနိုင်ပါတယ်။

          ဖက်ရှင်တွေ ဘယ်လိုပဲ အိုဟောင်းသွားပါစေ ။ ခေတ်တွေဘယ်လိုပဲ ပြောင်းသွားပါစေ။ ဒီအပြုအမူလေးတွေကတော့ ချစ်ခြင်းတစ်ခု ကြည်နူးချမ်းမြေ့စွာ ရှင်သန်နေစေနိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အချက်လေးတွေဖြစ်တာကြောင့် မေ့လျော့မနေသင့်ပါဘူး။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top