iMyanmarHouse.com - Best Property Website for Myanmar
×

သာမန်အမျိုးသမီးတွေထက် အချိန်ယူအလှပြင်လေ့ရှိတဲ့အပြင် အလှကုန်ပစ္စည်းတွေအတွက် ငွေကြေးအတန်အသင့် သုံးစွဲတဲ့ အမျိုးသမီးတွေက  လုပ်ငန်းခွင်မှာ ပိုမိုအောင်မြင်လေ့ရှိကြောင်း လေ့လာချက်တစ်ရပ်က ဖော်ထုတ်လိုက်ပါတယ်။

 ချီကာကိုတက္ကသိုလ်က ဂျက်ကလင်းဝေါင်းနဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က အန်ဒရူးပန်နာတို့ နှစ်ဦးပေါင်း လေ့လာခဲ့ရာမှာ ဒီအဖြေထွက်လာခဲ့တာ ဖြစ်ပါတယ်။ လူပေါင်း တစ်သောင်းလေးထောင်ကျော်ရဲ့ အလုပ်အကိုင်အခြေအနေ၊ ဝင်ငွေ၊ လူမှုရေး၊ ပညာရေးတို့ကို လေ့လာမေးမြန်းပြီးနောက် ဒီအဖြေထွက်လာတာပါ။

လေ့လာချက်အရ အလှပြင်ပြီးသပ်သပ်ရပ်ရပ်ရှိတဲ့သူတွေကို သာမန်လူတွေထက် ပျှမ်းမျှ ၂၀ ရာခိုင်နှုန်းလောက်ပိုပြီး အခွင့်အရေးနဲ့ ငွေကြေး သို့မဟုတ် လစာငွေ ပေးချင်ကြကြောင်း သိရပါတယ်။ ရုပ်ရည်ချောမောလှပခြင်းနဲ့ ဝင်ငွေက တိုက်ရိုက်အချိုးကျတယ် မဆိုနိုင်ပေမယ့် ဂရုတစိုက်အလှပြင်သူတွေကတော့ လုပ်ငန်းခွင်မှာ ပိုအောင်မြင်ပြီး လစာငွေ ပိုကောင်းတာ လက်တွေ့ဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




Credit : Duwun 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top