iMyanmarHouse.com - Best Property Website for Myanmar
×

သွေးအတွင်း uric acid ပမာဏ မြင့်တက်မှုကြောင့် ဂေါက် (gout) ရောဂါခေါ် အဆစ်အမြစ် ရောင်ရမ်းနာကျင်မှု ခံစားရနိုင်ပါတယ်။ ရှောင်ကြဉ်သင့်တဲ့ ဂေါက်ရောဂါ ဖြစ်ပွားစေနိုင်သော အစားအစာများကို ဖော်ပြထားပါတယ်။

၁။ ကလီစာများ
ဂေါက်ရောဂါ ဖြစ်စေနိုင်တဲ့ အစားအစာတွေမှာ ဝမ်းတွင်းကလီစာတွေ ပါဝင်ပါတယ်။ ဝမ်းတွင်ကလီစာတွေမှာ ပါဝင်တဲ့ purine ဓာတ်က ခန္ဓာကိုယ်တွင်း uric acid ပမာဏ မြင့်တက်စေပါတယ်။ အထူးသဖြင့် တိရစ္ဆာန်အသည်းမှာ purine ဓာတ် မြင့်မားစွာ ပါဝင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

၂။ ပင်လယ်စာများ
ပင်လယ်စာအမျိုးမျိုး အထူးသဖြင့် ခုံးကောင်နဲ့ အခွံမာရှိတဲ့ ရေသတ္တဝါတွေမှာ purine ဓာတ် အလွန်မြင့်မားစွာ ပါဝင်ပြီး ဂေါက်ရောဂါ ဖြစ်စေနိုင်ပါတယ်။

၃။ ဆီကြော် အစားအစာများ
ဆီဖြင့်ကြော်ထားတဲ့ အစားအစာတွေက အဝလွန်မှု ဖြစ်စေနိုင်သလို ဂေါက်ရောဂါလည်း ဖြစ်စေနိုင်ပါတယ်။ ကြော်ထားတဲ့ အစားအစာတွေက ကျောက်ကပ်မှာ uric acid ရှိနေစေပြီး ဂေါက်ရောဂါအပြင် ကျောက်ကပ်ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။

၎။ အနီရောင် အသားများ
အနီရောင်ရှိတဲ့ အသားတွေကလည်း ဆီဖြင့်ကြော်ထားတဲ့ အစားအစာများကဲ့သို့ပင် purine ပမာဏ မြင့်မားစွာ ပါဝင်နေပြီး ဂေါက်ရောဂါ ဖြစ်စေနိုင်ပါတယ်။

၅။ ဘီယာ
ဂေါက်ရောဂါ ဖြစ်စေတဲ့ အစားအသောက်တွေထဲမှာ ဘီယာက အဓိက ပါဝင်နေပါတယ်။ တစ်နေ့လျှင် ဘီယာတစ်ခွက်မျှ သောက်ခြင်းဖြင့် ဂေါက်ရောဂါ ဖြစ်စေနိုင်တဲ့ အန္တရာယ် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ပါတယ်။

၆။ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ် အသားများ
တောတွင်းနေ တိရစ္ဆာန်တွေဖြစ်တဲ့ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ် စတဲ့ အသားတွေမှာ purine ပါဝင်ပါတယ်။ ဒီ အသားတွေကလည်း ဂေါက်ရောဂါ ဖြစ်စေတတ်ပါတယ်။

၇။ ရှာလကာရည်၊ အချဉ်ရည်
ရှာလကာရည်၊ အချဉ်ရည်တွေမှာလည်း purine ပမာဏ မြင့်မားစွာ ပါဝင်တာကြောင့် ဂေါက်ရောဂါ ဖြစ်စေနိုင်ပါတယ်။



Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top