iMyanmarHouse.com - Best Property Website for Myanmar
×

အဆီများသည့် အစားအစာ အများအပြားစားသုံးသူများသည် နေ့ခင်းဘက် အိပ်ချင်စိတ်ပိုများကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

 အဆီအများအပြားပါဝင်သည့် အစားအစာများ စားသုံးသော အသက်(၃၅)နှစ်မှ (၈၀)နှစ်အကြား အမျိုးသား ၈၀၀ ခန့်ကို လေ့ လာရာတွင် ၎င်းတို့သည် နေ့ခင်းဘက် အိပ်ငိုက်ခြင်းပြဿနာများ ပိုမိုကြုံတွေ့ရကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

ယင်းအခြေအနေနှစ်ခုအကြား ဆက်စပ်မှုသည် ဆီးချိုရောဂါ (သို့မဟုတ်) စိတ်ဓာတ်ကျခြင်းကဲ့သို့ ကျန်းမာရေးပြဿနာများ (သို့မဟုတ်) လေ့ကျင့်ခန်းလုပ်ဆောင်ပုံ၊ ခန္ဓာကိုယ်ညွှန်းကိန်း(BMI)တို့နှင့်မဆိုင်ကြောင်း သိရသည်။

အဆီပါသော အစားအစာများက အိပ်ငိုက်ခြင်း ဖြစ်ပေါ်စေ သည့် အကြောင်းရင်းကို မသိရဟု သုတေသီများကပြောကြားသည်။

သို့သော် အူလမ်းကြောင်းဆိုင်ရာ အာရုံကြောဟော်မုန်းများက အိပ်ချင်စိတ်ကို ပိုများလာစေသဖြင့် အဆီမြင့်မားသော အစားအစာ များက နေ့ခင်းဘက် အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေခြင်းဖြစ်နိုင်သည်ဟု သုတေသီများကပြောသည်။

လေ့လာမှုတွင် ပါဝင်သူများအနက် အဆီများသော အစားအစာများ နေ့စဉ်စားသုံးသူများ၏ ၄၆ ရာခိုင်နှုန်းသည် အဆီနည်းသော အစားအစာ စားသုံးသူများထက် ပို၍ နေ့ခင်းဘက် အိပ်ချင်စိတ် ပိုများကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

သုတေသီများက ကိုယ်အလေးချိန်၊ လေ့ကျင့်ခန်းလုပ်သည့် အခြေအနေ၊ ဆီးချိုရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ ဆေးလိပ်သောက် ခြင်းနှင့် အရက်သောက်ခြင်း စသည့် အလေ့အထများကို ထည့်သွင်းတွက်ချက်ပြီးနောက်တွင်လည်း အဆီများသော အစားအစာ စားသုံး သူများသည် အဆီနည်းသောအစာ စားသုံးသူများထက် ပို၍ အိပ် ငိုက်တတ်လေ့ရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။  

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top