iMyanmarHouse.com - Best Property Website for Myanmar
×

နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်းစားသုံးဖို့ မမေ့လျော့သင့်ပါဘူး။ လတ်ဆက်တဲ့ သီးနှံတွေကို စားသုံးခြင်းက ကျန်းမာရေးအတွက် တကယ်ကို အထောက်အကူဖြစ်စေပါတယ်။ ကိုယ်စားသုံးနေတဲ့ သီးနှံတွေရဲ့ အရောင်ကိုကြည့်ပြီး ဘယ်လိုတွေ ကောင်းကျိုးပေးသလဲဆိုတာလည်း သိထားသင့်ပါတယ်။

 ၁။ အနီရောင်

ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ ပန်းသီးတို့လို့ အနီရောင်သစ်သီးတွေဟာ သွေးအားကောင်းစေပြီး နှလုံးကို ကျန်းမာစေပါတယ်။ ဒါ့ပြင် အဆစ်အမြစ်တွေအတွက်လည်း ကောင်းပါတယ်။

၂။ လိမ္မော်ရောင်

ကင်ဆာရောဂါတွေကို ကြိုတင်ကာကွယ်ပေးမယ့်အပြင် အသားအရေလှပနုပျိုမှုအတွက် ကိုလာဂျင်ကိုလည်း ဖွံ့ဖြိုးစေပါတယ်။ လိမ္မော်သီး၊ မုန်လာဥနီနဲ့ ရွှေဖရုံသီးတို့ကို စားပေးဖို့ မမေ့ပါနဲ့။

၃။ အဝါရောင်

သရက်သီးမှည့်ပေါ်ချိန်ဖြစ်လို့ သရက်သီးမှည့်လေး စားပေးပါဦး။ ငှက်ပျောသီး၊ နာနတ်သီးတို့လိုမျိုး အခြား အဝါရောင်သီးနှံတွေကလည်း နှလုံးအားကောင်းစေပါတယ်။ အမြင်အာရုံအတွက်လည်း ကောင်းစေပြီး အစာခြေစနစ်ကို အထောက်အကူဖြစ်စေကာ ကိုယ်ခံစွမ်းအားကိုလည်း မြင့်တက်စေပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top