iMyanmarHouse.com - Best Property Website for Myanmar
×

ဟောလီးဝုဒ် မင်းသမီး Kristen Stewart (ခရ​စ္စတင်းစတီးဝပ်) ဟာ သူမ ဟာ ဘယ်လို လိင်အမျိုးအစားအဖြစ်ခံယူထားတယ်ဆိုတာကို ထုတ်ဖော်ပြောပြဖို့ ငြင်းဆိုခဲ့ပါတယ်။

Twilight ဇာတ်လမ်းနဲ့ စတင်အောင်မြင်လာခဲ့တဲ့ ခရ​စ္စတင်းစတီးဝပ်ဟာ Variety ဆိုတဲ့ မဂ္ဂဇင်းအတွက် မျက်နှာဖုံး ဓါတ်ပုံ ရိုက်ကူးပေးရင်းနဲ့ အင်တာဗျူးကဏ္ဍမှာတော့ သူမအနေနဲ့ ဘယ်လို လိင်အမျိုးအစား ဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်ကို လက်မခံလိုဘူး လို့ ငြင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ Stewart ဟာ ထိုအကြောင်းအရာနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

"ကျွန်မဟာ ကျွန်မဘာလဲဆိုတဲ့ အခြေခံစည်းမျဉ်းအားလုံးကို အခုအချိန်မှာ ပြောပြမှာမဟုတ်ပါဘူး။ ရှင် သဘောမပေါက်ဘူးဆိုရင်လည်း ကျွန်မမှာ ရှင့်အတွက် အချိန်မရှိပါဘူး။ သင့်ကိုယ်သင် ဘယ်လိုလူမျိုးလည်းဆိုတာကို ဖော်ပြနိုင်မယ့် နည်းလမ်းကိုလည်း သင်ချက်ချင်း သိနေဖို့မလိုပါဘူး" လို့ Stewart က ပြောပြလာပါတယ်။

၂၀၀၉ ခုနှစ်တုန်းကတော့ ခရ​စ္စတင်းစတီးဝပ်ဟာ Twilight ဇာတ်လမ်းရဲ့ တွဲဖက် သရုပ်ဆောင် ရောဘတ်ပတ်တင်ဆန်နဲ့ ကာလကြာရှည်ချစ်သူဖြစ်ခဲ့ပါတယ်။ ရောဘတ်နဲ့ ပြတ်စဲပြီးတော့လည်း ဟောလီးဝုဒ်ဒါရိုက်တာတစ်ယောက်နဲ့ ထပ်မံ တွဲခုတ်ခဲ့ပေမယ့် အဲဒီနောက်မှာတော့ သူမဟာ မိန်းကလေးချင်းသာ ချစ်ကြိုက်ခဲ့ပါတော့တယ်။ အဆိုတော်မလေး Stephanie 'Soko' Sokolinski နဲ့ Victoria's Secret မော်ဒယ်လ်မလေး Stella Maxwell တို့လည်း အပါအ၀င်ပဲ ဖြစ်ပါတယ်။

နောက်ဆုံး အကြိမ် သတင်းတွေထွက်ပေါ်ခဲ့တာကတော့ ခရ​စ္စတင်းစတီးဝပ်ဟာ သူမဟာ မန်နေဂျာ ကောင်မလေး Alicia Cargile နဲ့ ထပ်မံတွဲခဲ့တယ်ဆိုတာပါပဲ။ ဒါပေမယ့် ဒီနေ့ဒီအချိန်အထိ ခရ​စ္စတင်းစတီးဝပ်ဟာ သူမ ဟာ ဆန့်ကျင်ဘက်လိင်တွေသာစိတ်ဝင်စားသူ(Straight) လား ၊ လိင်တူစိတ်ဝင်စားသူ (Lesbian) လား ၊ ၂ မျိုးလုံးကို စိတ်ဝင်စားသူ (Bisexual) လားဆိုတာကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။


Credit:ThitHtooLwin
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top