iMyanmarHouse.com - Best Property Website for Myanmar
×

လူငယ်ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ အဆိုတော်မိစန္ဒီက ချစ်သူကောင်လေးထားရင် ဘယ်လို ပုံစံလေးဖြစ်ရမယ် ဘယ်လို ပုံစံလေးတွေကို မကြိုက်ဘူးဆိုတာလေးတွေ တစ်ချိန်က ရှိခဲ့ဘူးတယ်လို့ ဆိုပါတယ်။

၁။ အရပ်ပုတဲ့သူ

မိစန္ဒီ တစ်ချိန်က စဉ်းစားထားတဲ့ ချစ်သူကောင်းလေး ပုံစံမျိုးလေဆိုရင် ကိုယ့်ထက် အရပ်ရှည်ရမယ်။ ယောကျာ်းလေး တော်တော်များများကတော့ အရပ်ရှည်ကျမှာပါ။ မိစန္ဒီက အရပ်ပုတော့လေ (ရယ်လျက်) ။

၂။ စိတ်ပုတ်တဲ့သူ

နောက်တစ်ခုက စိတ်ပုတ်တဲ့ ကောင်လေးတွေဆိုမကြိုက်ဘူး။ စိတ်ပုတ်တဲ့ ကောင်လေးတွေနဲ့ဆိုရင် ချစ်သူလည်း မဖြစ်ချင်ဘူး ။ သူငယ်ချင်းလည်း မဖြစ်ချင်ဘူး။ စိတ်ကောင်းရှိတာကိုပဲ ကြိုက်တယ်။ စိတ်ထားကောင်းရမယ်။

၃။ အရမ်းအသားဖြူတဲ့ သူ

အရင်ကတော့ စဉ်းစားထားတာပေါ့။ အရမ်းအသားဖြူတဲ့ ယောကျာ်းလေးတွေမျိုးဆိုရင် မကြိုက်ဘူး။

၎။ ဆံပင်ရှည်တဲ့ သူ

မိစန္ဒီက ယောကျာ်းလေး ဆံပင်ရှည်တာမျိုးဆို မကြိုက်ဘူး။ ယောကျာ်လေးဆိုရင် ဆံပင်တိုတိုလေးတွေကိုပဲ ကြိုက်တယ်။ ကိုယ်ကိုတိုင်လည်း ဆံပင်ရှည်တာ သိပ်မကြိုက်ဘူး။

၅။ အလှအပ ကြိုက်တဲ့ သူ

ယောကျာ်းလေး ဆိုတာကတော့ အလှအပ ကြိုက်စရာမှ မလိုတာ။ ကိုယ်လည်း အဲ့လောက် အလှအပတွေ သိပ်မကြိုက်တော့ ကိုယ်ထားတဲ့ ချစ်သူကလည်း အလှအပကြိုက်နေရင် အဆင်မပြေနိုင်ဘူးလေ။ အဲ့ဒါကြောင့် အလှအပကြိုက်တဲ့ ကောင်လေးတွေဆို မကြိုက်ဘူး။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top