iMyanmarHouse.com - Best Property Website for Myanmar
×

A သွေးပိုင်ရှင်များ

A သွေးပိုင်ရှင်တွေဟာ ခန္ဓာကိုယ်တွင်း cortisol ပမာဏ မြင့်မားပါတယ်။ A သွေးပိုင်ရှင်တွေဟာ အခြား သွေးအမျိုးအစား ပိုင်ရှင်တွေထက် အစာအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာနဲ့ သွေးကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ သူတို့ဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေလည်း အခြား သွေးအုပ်စုတွေထက် အနည်းငယ် ပိုများတတ်ပါတယ်။

B သွေးပိုင်ရှင်များ

B သွေးပိုင်ရှင် အမျိုးသမီးတွေက အခြားသူတွေထက် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါ ဖြစ်နိုင်မှုမှာ O သွေးအုပ်စုထက် ၁၁ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ B သွေးပိုင်ရှင်တွေမှာ A သို့မဟုတ် O သွေးပိုင်ရှင်တွေထက် ခန္ဓာကိုယ်တွင်း အကျိုးပြု ဘက်တီးရီးယား ပမာဏ အဆပေါင်း ၅၀,၀၀၀ ပိုရှိတာက သူတို့အတွက် ကျန်းမာရေးကောင်းကျိုး ဖြစ်စေပါတယ်။

AB သွေးပိုင်ရှင်များ

AB သွေးပိုင်ရှင်တွေဟာ O သွေးပိုင်ရှင်တွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုများပါတယ်။ AB သွေးပိုင်ရှင် အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာ သွေးတိုးခြင်းကဲ့သို့ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ AB သွေးပိုင်ရှင်တွေဟာ မှတ်ဉာဏ်နဲ့ ဘာသာစကားမှာ အားနည်းတတ်တယ်လို့ ဆိုပါတယ်။

O သွေးပိုင်ရှင်များ

O သွေးပိုင်ရှင်တွေဟာ ဖနောင့်ကြော ဒဏ်ရာကဲ့သို့ ဒဏ်ရာတွေ ပိုဖြစ်နိုင်ပါတယ်။ ပန်ကရိယာကင်ဆာ ဖြစ်နိုင်ခြေ အနည်းငယ်ပိုများပြီး ငှက်ဖျားရောဂါ အပြင်းအထန် ဖြစ်တတ်ပါတယ်။


Credit : Duwun
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top