iMyanmarHouse.com - Best Property Website for Myanmar
×

ကောင်မလေးတွေဟာ ပင်ကိုယ်စိတ်ကိုက သူတို့ချစ်ခင်နှစ်သက်ပြီဆိုရင် တစ်ယောက်ယောက်နဲ့ မျှဝေပတ်သက်ရပြီဆို
တဲ့ အခြေအနေကို လုံးဝလက်ခံနိုင်ခြင်း မရှိပါဘူး။ ဒီတော့ ဒီလိုအခြေအနေကို ကာကွယ်ဖို့ သူတို့တစ်တွေဟာ သူတို့ချစ်
သူကောင်လေးတွေကို ဒီအတိုင်း ယုံယုံကြည်ကြည် လွှတ်ထားလေ့မရှိဘဲ အောက်ပါပုံစံတွေနဲ့ check in လုပ်တတ်ပါ
တယ်။

(၁) လူမှုကွန်ယက်မီဒီယာတွေကနေစစ်ဆေးတယ်

ချစ်သူကောင်လေးကို မယုံဘူးဆိုရင် Other Acc တစ်ခု ဖွင့်ပြီး အီစီကလီလုပ်ကြည့်တဲ့ နည်းပါ။ ဒီနည်းကတော့ ထိ
ရောက်မှုရှိပြီး ခြေရှုပ်ချင်တဲ့ကောင်လေးတွေ ဂွိသွားနိုင်တဲ့ နည်းပါ။ ဒါကို သူတို့သုံးလေ့ရှိပါတယ်။
(၂) သူ့ဖုန်းကို ခိုးဖွင့်တယ်

ချစ်သူရဲ့ဖုန်းကို ရရင် ရသလိုခိုးဖွင့်ကြည့်တယ်။ Message နဲ့ Gallery ကို အမြန်စနစ်နဲ့ ဦးစားပေးလေ့ရှိတယ်။ Messageဘယ်သူတွေဆီ ပို့ထားသလဲ …?  Gallery ထဲမှာ အခြား သူစိမ်းကောင်မလေးပုံ ဘယ်နှစ်ပုံ Save ထားသလဲ …? ဒါတွေ
စစ်တတ်ပါတယ်။
(၃) ဖုန်းနဲ့မကြာခဏ check in လုပ်တယ်

ဒီနည်းကတော့ ကောင်လေးဆီကို ဘယ်ရောက်နေလဲ … ဘာလုပ်နေလဲ … ဘယ်သူတွေနဲ့လဲ … ဆိုပြီး စစ်တာပါ။ တစ်ခါ
တလေ နောက်ယောက်ခံလိုက်ပြီး ခပ်တည်တည် ဘယ်ရောက်နေပြီလဲ ဘာညာ လုပ်လေ့ရှိတယ် … ဒါက တစ်ခြားမ
သင်္ကာစရာ ကောင်မလေးနဲ့အတူရှိမနေဘူးဆိုရင်တောင် စကားအမှန်ပြောမပြောကို သိနိုင်တဲ့ နည်းပေါ့။
(၄) အမျိုးသမီးမိတ်ဆွေတွေကို ထိန်းချုပ်ဖို့ကြိုးစားတယ်

လူမှုကွန်ယက်မှာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်က အမျိုးသမီးမိတ်ဆွေတွေကိုပဲဖြစ်ဖြစ် သူဟာ ဒီကောင်လေးအချစ်ကို ပိုင်ဆိုင်
ထားသူဖြစ်ကြောင်း၊ သူနဲ့ ပတ်သက်ခြင်းမပြုဖို့အကြောင်းကို အလိမ္မာနည်းရော ခပ်တင်းတင်းနည်းနဲပါ ထိန်းချုပ်ဖို့ ကြိုး
စားပါတယ်။ တစ်ခါတလေ ကောင်မလေးတစ်ယောက်နဲ့ မသင်္ကာဖြစ်ရင် Tag ပြီး အရှက်ခွဲဖို့ ၀န်လေးတဲ့သူတွေ မဟုတ်ပါ
ဘူး။
(၅) ငွေအ၀င်အထွက်ကိုစိတ်ဝင်စားတယ်

များသောအားဖြင့်တော့ ငွေအထွက်ကို စိတ်ဝင်စားတာပါ။ ဥပမာ တစ်လ တစ်သောင်းလောက် ပိုသုံးမိရင်ကို ဘယ်
ကောင်မနဲ့ ဘယ်နေရာတွေသွားတာလဲ-ဆိုပြီး စိတ်ထဲက အတွေပေါင်းများစွာ တွေးပြီးနေပြီ။
(၆) အိမ်ပြန်နောက်ကျရင် ဒေါသအလိုလိုထွက်တယ်

ကောင်လေးရဲ့ အိမ်ပြန်ချိန်ကိုလည်း စိတ်ဝင်စားလေ့ရှိပါတယ်။ ပြန်ရောက်သင့်ချိန် မရောက်ဘူးဆိုရင်လည်း ဒေါသတွေနဲ့
ဘယ်အလေလိုက်နေတာလဲ … ဘယ်သူနဲ့ ချိန်းတွေ့နေလို့ ဒီလောက်ကြာရတာလဲ ဘာညာ … လာပြီ။
(၇) အသွင်ယူစစ်ဆေးမှု

အသွင်ယူစစ်ဆေးမှုဆိုတာ ကိုယ်တိုင်လုပ်လေ့မရှိပါဘူး။ ဖုန်းနံပတ်အစိမ်းတစ်ခုခုနဲ့ သူငယ်ချင်းကောင်မလေးတစ်
ယောက်ကို စကားစမ်းပြောခိုင်းတာတို့၊ Acc အသစ်နဲ့ စမ်းခိုင်းတာတို့ပေါ့။

Credit:Shwemom

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top