iMyanmarHouse.com - Best Property Website for Myanmar
×

၁ - မရှာပါနဲ့

ကိုယ်မျှော်မှန်းထားတာနဲ့ ကွက်တိကျတဲ့ လူတစ်ယောက်ကို လိုက်ရှာနေတာဟာ တကယ်တော့ လက်တွေ့မကျတဲ့ အလုပ်ဖြစ်ပါတယ်။ ကိုယ့်မျှော်မှန်းထားတာနဲ့ ယေဘုယျကိုက်ညီတဲ့ လူအများကြီး သင့်ဘဝထဲ ဝင်လာနိုင်ပါတယ်။ သူတို့ကို လိုက်ရှာတာမျိုး မလုပ်ပါနဲ့။

၂ - အားစိုက်

ကိုယ်ကရှာရတဲ့လူ မဟုတ်တော့တဲ့အခါ ရရှိလာတဲ့ စိတ်အာရုံတွေကို သင့်အတွက်ပဲ အားစိုက်လိုက်ပါ။ သင့်တိုးတက်မှုအတွက် အားစိုက်လုပ်ဆောင်ပါ။

၃ - ချစ်ရုံသက်သက်မဟုတ်တော့

ကိုယ့်တိုးတက်မှုနဲ့ ကိုယ့်တစ်ယောက်တည်း လွပ်လွပ်လပ်လပ် ရပ်တည်နိုင်ပြီ၊ ကိုယ့်ဘဝလမ်းကြောင်းနဲ့ ကိုယ်သွားနိုင်ပြီဆိုရင် သင့်ကိုပြည့်စုံအောင် လုပ်ပေးမယ့်လူ မလိုတော့ပါဘူး။ သင့်ကို ချီးကျူးအားပေးမယ့်လူပဲ လိုပါတော့တယ်။ သင်က ချီးကျူးအားပေးရမယ့်လူပဲ သင့်ဘေးနားကို လာပါတော့မယ်။ ကိုယ်ပျော်အောင်၊ ကိုယ့်ဘဝတည်ငြိမ်အောင် တစ်ဖက်လူဆီက တောင်းဆိုနေစရာတွေ မလိုတော့ပါဘူး။ ချစ်ရုံသက်သက်မဟုတ်ဘဲ တိုင်ပင်ဖော် တိုင်ပင်ဖက်လက်တွဲဖော်ကို ရလာပါမယ်။

၎ - နီးစပ်ဖို့လို

သင်လိုချင်တဲ့လူဟာ ပညာတတ်တစ်ယောက်ဆိုရင် သင်ကလည်း ပညာတတ်အသိုင်းအဝိုင်းမှာ ရှိဖို့လိုပါတယ်။ မျှော်လင့်နေတဲ့လူနဲ့ စိတ်ကော၊ နေပုံထိုင်ပုံကပါ နီးစပ်မှ သင်က သူ့အနားရောက်ပါမယ်။

၅ - ရဲရင့်ပါ

ကိုယ်မျှော်လင့်နေတဲ့ လူတစ်ယောက်ဖြစ်တာ မှန်တယ်ဆိုရင် ကိုယ့်ဘက်က ရဲရင့်ဖို့ ဝန်မလေးပါနဲ့။ ကိုယ်မျှော်လင့်နေတဲ့လူ ဟုတ်မဟုတ် ဆုံးဖြတ်တဲ့အခါ သူနဲ့တွေ့ရင် ဖြစ်သွားတဲ့ ရုတ်တရက်ခံစားချက်ကိုလည်း လျော့မတွက်ပါနဲ့။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top