iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ်ချစ်တဲ့သူကို လက်လွတ်ဆုံးရှုံးရမှာကို စိုးရိမ်ကြောက်ရွံ့တဲ့ ခံစားချက်ဟာ လူတော်တော်များများအကြားက ယေဘုယျစိုးရွံ့မှုခံစားချက်ပါပဲ။ ဒီခံစားချက်ကို ကျော်လွှားအောင်မြင်နိုင်ဖို့ အောက်ပါနည်းလမ်းလေးတွေ ရှိပါသတဲ့။

၁။ ဒီခံစားချက်ဟာ သဘာဝပဲ ဆိုတာကို နားလည်ပါ။

၂။ အရာရာတိုင်းကို ချုပ်ကိုင်ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ (လာတုန်းက သင့်ခွင့်ပြုချက်မယူခဲ့ကြသလို ပြန်လည်ထွက်ခွါသွားကြတဲ့အခါလည်း သင့်ခွင့်ပြုချက်မပါဘဲ သူတို့ ဆန္ဒအလျောက် သွားကြမှာပါ။ အခါခမ်းသိမ်း စိုးရိမ်နေတာကို ရပ်တန်းကရပ်လိုက်ပြီး သူတို့ရဲ့ ခံစားချက်တွေကို သင့်အနေနဲ့ ချုပ်ကိုင်ခြယ်လှယ်လို့ မရဘူးဆိုတာကို နားလည်သဘောပေါက်ပါ။ )

၃။ သင့်ခံစားချက်တွေ၊ စိုးရိမ်ပူပန်မှုတွေ၊ အတွေးအမြင်တွေကို စာရွက်တစ်ရွက်မှာ ချရေးလိုက်ပါ။

၎။ သင်ခံစားရတာကို သင့်ချစ်သူကို ရင်ဖွင့်ပါ။ (သင်ဘယ်လို ခံစားနေရတယ်ဆိုတာကို သင့်ချစ်သူအား ပေးသိဖို့လိုပါတယ်။ ဒါက သင့်ရဲ့ စိုးရွံ့မှုတွေကို လျော့ပါးသွားစေဖို့ အထိရောက်ဆုံး အချက်ဖြစ်လို့ပါ။)

၅။ ဒီခံစားချက်ကပဲ အခြေအနေတွေကို ပိုဆိုးသွားအောင် တွန်းပို့နိုင်တယ်ဆိုတာကို သဘောပေါက်ပါ။ ဥပဒါန်ကြောင့် ဥပဒ်ဖြစ်တတ်၏။

၆။ သူတို့မပါတဲ့ သင့်ဘ၀ပုံစံကိုလည်း မြင်ယောင်ကြည့်ပါ။ (သူတို့မရှိဘဲနဲ့လည်း ဘ၀ကို သင်ရင်ဆိုင်နိုင်တယ်ဆိုတာ စိတ်ကူးသက်သက်မဟုတ်ပါဘူး။)

၇။ ဘ၀ချားရဟတ်က တစ်နည်းတစ်ဖုံနဲ့လည်း လှည့်ပြောင်းလည်ပတ်သွားမယ်ဆိုတာ သဘောပေါက်ပါ။
၈။ ဘ၀တစ်ခုလုံး မဟုတ်ပဲ ဘ၀ရဲ့ တစ်စိတ်တစ်ဒေသဆိုတာကို လက်ခံပြီး ရဲရဲ ရင်ဆိုင်ပါ။

Credit: ဖိုးသူတော် (www.phothutaw.com)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top