iMyanmarHouse.com - Best Property Website for Myanmar
×

အသက် ၆၅ နှစ်ထိ အလုပ်လုပ်တဲ့လူတွေဟာပိုမိုအသက်ရှည်စွာ
 နေထိုင်ရတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

အော်ရီဂွန်ပြည်နယ်တက္ကသိုလ်က အဆိုပါ သုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၆၅ နှစ်ထိ အလုပ်လုပ်သူတွေဟာ အခြားလူတွေထက် ၁၁ ရာခိုင်နှုန်းပိုမို အသက်ရှည်စွာ နေထိုင်ရတာ ဖြစ်ပါတယ်။ အဆိုပါသုတေသနအရ မကျန်းမာသူတွေမှာတောင် အလုပ်ဆက်လုပ်နေမယ်ဆိုရင် ပိုမိုအသက်ရှည်နိုင်ခြေ မြင့်မားတယ်လို့ ဆိုပါတယ်။

လူတိုင်းကို သက်ရောက်ခြင်းမျိုးမရှိပေမဲ့ အလုပ်လုပ်တာဟာ လူတွေအတွက် စီးပွားရေးနဲ့လူမှုရေးမှာ အကျိုးကျေးဇူးတွေ အမြောက်အများရရှိစေပြီး ဒီလိုအကျိုးကျေးဇူးတွေက အသက်ရှည်ခြင်းပေါ်သက်ရောက်နေတယ်လို့ သုတေသနကို ဦးဆောင်လေ့လာခဲ့တဲ့ ဒေါက်တာဘွဲ့ယူကျောင်းသား ချန်ကိုင်ဝူက ပြောကြားထားပါတယ်။

သုတေသနဟာ ၁၉၉၂ ကနေ ၂၀၁၀ခုနှစ်အတွင်းကအချက်အလက်တွေကို လေ့လာထားတာ ဖြစ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top