iMyanmarHouse.com - Best Property Website for Myanmar
×

 ေတာင္ကိုရီးယားအဆိုရွင္မ်ားအဖြဲ႕ Girl's Generation အဖြဲ႕ဝင္ေဟာင္း ဂ်က္ဆီကာ သည္ ပထမဆံုး တစ္ကုိယ္ေတာ္ ေတးအယ္လ္ဘမ္ျဖင့္ ေအာင္ျမင္ မႈမ်ားရရွိေနသည္။

ဂ်က္ဆီကာ၏ ပထမဆံုး တစ္ကိုယ္ေတာ္ ေတးအယ္လ္ ဘမ္ With Love, J သည္ ေမလ ၁၇ ရက္တြင္ ထြက္ရွိခဲ့ၿပီး ကိုရီး ယား အပတ္စဥ္ ေတးဂီတစာရင္း Hanteo ႏွင့္ Gaon တို႔၌ နံပါတ္၁ ေနရာမွ ရပ္တည္ေနသည္။ Flyသီခ်င္းသည္ ေတးဂီတစာရင္း ရွစ္ခု၌ နံပါတ္၁ ေတးသီခ်င္း ျဖစ္ေနၿပီး ဂ်က္ဆီကာ၏ ေတးအယ္လ္ဘမ္ ေရာင္းခ်မႈသည္ Hanteo စာရင္း၌ နံပါတ္ ၁ ႏွင့္ေဘလ္ဘုတ္ ကမၻာ့အယ္လ္ဘမ္မ်ားစာရင္း၌ နံပါတ္ ၄ ေနရာ ရရွိထားသည္။

ထို႔အျပင္ လက္ရွိတြင္ With Love, J ေတးအယ္လ္ဘမ္ခ်ပ္ ေရ ၇၀,၀၀၀ ေက်ာ္ ေရာင္းကုန္ ထား၍ ဂ်က္ဆီကာသည္ ၂၀၁၆ အတြင္း ေတးအယ္လ္ဘမ္အခ်ပ္ ေရ အမ်ားဆံုး ေရာင္းရေသာ တစ္ကိုယ္ေတာ္ အမ်ဳိးသမီး ေတး သံရွင္ျဖစ္ေနသည္။ ဂ်က္ဆီကာ သည္ ႐ုပ္သံ၌ ေတးအယ္လ္ဘမ္ ေၾကာ္ျငာျခင္းမ်ား မျပဳလုပ္ခဲ့ ေသာ္လည္း Fly သီခ်င္းသည္ Show Champion ႏွင့္ Inkigayo ႐ုပ္သံေတးဂီတ အစီအစဥ္မ်ား၌ ပထမေနရာအတြက္ အဆိုျပဳခံရသည့္ သီခ်င္းတစ္ပုဒ္ျဖစ္ေနသည္။

ဂ်က္ဆီကာသည္ ပရိသတ္၏ ခ်စ္ခင္အားေပးမႈမ်ားအတြက္ ေက်းဇူးတုံ႔ျပန္မည္ဟု ၎၏ ေအဂ်င္စီက ေျပာသည္။ ၂၀၁၄က Girl's Generation မွထုတ္ ပယ္ခံခဲ့ရေသာ ဂ်က္ဆီကာသည္ ဇြန္လ ၁ ရက္တြင္ ဆိုးလ္ၿမိဳ႕ Samsung Card Hall ၌ ပရိသတ္ေတြ႕ဆံုပြဲ က်င္းပျပဳလုပ္မည္ျဖစ္ သည္။

Credit: 7 Day Daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 တောင်ကိုရီးယားအဆို ရှင်များအဖွဲ့ Girl's Generation အဖွဲ့ဝင်ဟောင်း ဂျက်ဆီကာ သည် ပထမဆုံး တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဖြင့် အောင်မြင် မှုများရရှိနေသည်။

ဂျက်ဆီကာ၏ ပထမဆုံး တစ်ကိုယ်တော် တေးအယ်လ် ဘမ် With Love, J သည် မေလ ၁၇ ရက်တွင် ထွက်ရှိခဲ့ပြီး ကိုရီး ယား အပတ်စဉ် တေးဂီတစာရင်း Hanteo နှင့် Gaon တို့၌ နံပါတ်၁ နေရာမှ ရပ်တည်နေသည်။ Flyသီချင်းသည် တေးဂီတစာရင်း ရှစ်ခု၌ နံပါတ်၁ တေးသီချင်း ဖြစ်နေပြီး ဂျက်ဆီကာ၏ တေးအယ်လ်ဘမ် ရောင်းချမှုသည် Hanteo စာရင်း၌ နံပါတ် ၁ နှင့်ဘေလ်ဘုတ် ကမ္ဘာ့အယ်လ်ဘမ်များစာရင်း၌ နံပါတ် ၄ နေရာ ရရှိထားသည်။

ထို့အပြင် လက်ရှိတွင် With Love, J တေးအယ်လ်ဘမ်ချပ် ရေ ၇၀,၀၀၀ ကျော် ရောင်းကုန် ထား၍ ဂျက်ဆီကာသည် ၂၀၁၆ အတွင်း တေးအယ်လ်ဘမ်အချပ် ရေ အများဆုံး ရောင်းရသော တစ်ကိုယ်တော် အမျိုးသမီး တေး သံရှင်ဖြစ်နေသည်။ ဂျက်ဆီကာ သည် ရုပ်သံ၌ တေးအယ်လ်ဘမ် ကြော်ငြာခြင်းများ မပြုလုပ်ခဲ့ သော်လည်း Fly သီချင်းသည် Show Champion နှင့် Inkigayo ရုပ်သံတေးဂီတ အစီအစဉ်များ၌ ပထမနေရာအတွက် အဆိုပြုခံရသည့် သီချင်းတစ်ပုဒ်ဖြစ်နေသည်။

ဂျက်ဆီကာသည် ပရိသတ်၏ ချစ်ခင်အားပေးမှုများအတွက် ကျေးဇူးတုံ့ပြန်မည်ဟု ၎င်း၏ အေဂျင်စီက ပြောသည်။ ၂၀၁၄က Girl's Generation မှထုတ် ပယ်ခံခဲ့ရသော ဂျက်ဆီကာသည် ဇွန်လ ၁ ရက်တွင် ဆိုးလ်မြို့ Samsung Card Hall ၌ ပရိသတ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်မည်ဖြစ် သည်။

Credit: 7 Day Daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top