iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေမြးတိရိစာၦန္ေလးေတြ ေမြးျမဴထားတာ စိတ္ေပ်ာ္ရႊင္ အပန္းေျပေစႏုိင္ပါတယ္။ သင္ဟာ မိမိအိမ္ ေမြးတိရိစာၦန္ကို ဧည့္ခန္း၊ မီးဖုိေခ်ာင္နဲ႔ တခါတရံ အိပ္ခန္းမွာ ထားခ်င္ထားပါလိမ့္မယ္။ ဒါေပမယ့္ အဲဒါ ေကာင္းမြန္တဲ့အခ်က္ေတာ့ မဟုတ္ပါဘူး။ ဘာလုိ႔လဲဆိုေတာ့ ယင္းေၾကာင့္ျဖစ္လာႏုိင္တဲ့ ျပသနာေတြ ရိွေနလုိ႔ပဲ ျဖစ္ပါတယ္။

ေခြးျဖစ္ျဖစ္၊ ေၾကာင္ျဖစ္ျဖစ္ အိပ္ခန္းထဲ ေပးေနပါက စိုးရိမ္ဖြယ္ က်န္းမာေရးျပသနာေတြ ျဖစ္လာႏုိင္ပါတယ္။ တိရိစာၦန္မွာေတြ႔ရတဲ့ အလြန္ေသးငယ္တဲ့ သက္ရိွဇီဝအဖြဲ႔အစည္းေတြ မတြန္းလွန္ႏုိင္ျခင္းေၾကာင့္ ကုိယ္ခံအားနည္းသူေတြနဲ႔ ကေလးငယ္ေတြမွာ မၾကာခဏျဖစ္ပြားတတ္ပါတယ္။

ေခြးနဲ႔ ေၾကာင္ေတြဟာ ကပ္ပါးေကာင္ေတြ သယ္ေဆာင္တဲ့ သတၱ၀ါေတြျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အိမ္ေမြးတိရိစာၦန္ပုိင္ရွင္ေတြအေနနဲ႔ ဂရုစိုက္ျပီး ေရာဂါကို အေစာပုိင္းအဆင့္မွာ လုံေလာက္တဲ့ ကုသမႈခံယူဖုိ႔ သတိျပဳသင့္ပါတယ္။

လူေတြဟာ သူတို႔အိမ္ေမြးတိရိစာၦန္ကို အရမ္းခ်စ္ခင္ၾကပါတယ္။ ဒါေၾကာင့္လည္း ဒီအရာေတြျဖစ္လာတာပါ။ မိမိအခ်စ္ေတာ္ကို အိပ္ရာေပၚေပးမေနခင္ ေသခ်ာျပန္စဥ္းစားဖုိ႔ လုိေနပါျပီ။ ဘာ့ေၾကာင့္လဲဆုိေတာ့ ဒါဟာ သင္နဲ႔ သင့္မိသားစုဝင္ေတြရဲ႕ က်န္းမာေရးေပၚ အႏၱရာယ္ျဖစ္ေစတဲ့ အက်ဳိးဆက္မ်ားစြာ ျဖစ္လာႏုိင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးမြူထားတာ စိတ်ပျော်ရွှင် အပန်းပြေစေနိုင်ပါတယ်။ သင်ဟာ မိမိအိမ် မွေးတိရိစ္ဆာန်ကို ဧည့်ခန်း၊ မီးဖိုချောင်နဲ့ တခါတရံ အိပ်ခန်းမှာ ထားချင်ထားပါလိမ့်မယ်။ ဒါပေမယ့် အဲဒါ ကောင်းမွန်တဲ့အချက်တော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ယင်းကြောင့်ဖြစ်လာနိုင်တဲ့ ပြသနာတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။

ခွေးဖြစ်ဖြစ်၊ ကြောင်ဖြစ်ဖြစ် အိပ်ခန်းထဲ ပေးနေပါက စိုးရိမ်ဖွယ် ကျန်းမာရေးပြသနာတွေ ဖြစ်လာနိုင်ပါတယ်။ တိရိစ္ဆာန်မှာတွေ့ရတဲ့ အလွန်သေးငယ်တဲ့ သက်ရှိဇီဝအဖွဲ့အစည်းတွေ မတွန်းလှန်နိုင်ခြင်းကြောင့် ကိုယ်ခံအားနည်းသူတွေနဲ့ ကလေးငယ်တွေမှာ မကြာခဏဖြစ်ပွားတတ်ပါတယ်။

ခွေးနဲ့ ကြောင်တွေဟာ ကပ်ပါးကောင်တွေ သယ်ဆောင်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်တွေအနေနဲ့ ဂရုစိုက်ပြီး ရောဂါကို အစောပိုင်းအဆင့်မှာ လုံလောက်တဲ့ ကုသမှုခံယူဖို့ သတိပြုသင့်ပါတယ်။

လူတွေဟာ သူတို့အိမ်မွေးတိရိစ္ဆာန်ကို အရမ်းချစ်ခင်ကြပါတယ်။ ဒါကြောင့်လည်း ဒီအရာတွေဖြစ်လာတာပါ။ မိမိအချစ်တော်ကို အိပ်ရာပေါ်ပေးမနေခင် သေချာပြန်စဉ်းစားဖို့ လိုနေပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ သင်နဲ့ သင့်မိသားစုဝင်တွေရဲ့ ကျန်းမာရေးပေါ် အန္တရာယ်ဖြစ်စေတဲ့ အကျိုးဆက်များစွာ ဖြစ်လာနိုင်ပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top