iMyanmarHouse.com - Best Property Website for Myanmar
×

၁ - စိတ်ထဲရှိရာကို ရဲရဲဝံဝံ ဖွင့်ပြောဖို့ အားပေးတယ်။ မာကြောတဲ့အမေတွေက ပွင့်လင်းတယ်၊ ကိစ္စတစ်ခုကို ရှင်းရှင်းပြောတတ်တယ်။ သူ့သားသမီးတွေလည်း သူ့လိုဖြစ်အောင်သင်တတ်တယ်။

၂ - ဘာတွေးရမယ်ဆိုတာကို မပြောဘူး၊ ဘယ်လိုတွေးရမယ်ဆိုတာပဲ ပြောတယ်။ ဘယ်ကိစ္စရပ်မဆို သင့်ဆုံးဖြတ်ချက်ကိုလည်း နားထာင်ပါတယ်။

၃ - ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ပညာရေးက အရေးပါကြောင်း သူအမြဲပြောတယ်။ မာကြောတဲ့ အမေတွေဟာ ပညာရေးဟာ အလွန်အရေးပါကြောင်း သိတယ်။

၎ - ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်ဖို့ အမြဲပြောတယ်။ သူများကို တအားဂရုစိုက်လွန်းတာမျိုး အားမပေးဘူး။ သူတို့ကိုယ်တိုင်လည်း မလုပ်ဘူး။

၅ - ငွေကြေးအရလွပ်လပ်မှုကို အမြဲပြောတယ်။ ငွေကြေးနဲ့ပက်သက်ရင် ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းရဲ့ တန်ဖိုးကို အမြဲပြောတယ်။

၆ - ကိုယ်ချင်းစာတရားကို သင်ပေးတယ်။ သူများကို ကိုယ်နဲ့နှိုင်းပြီး ဆက်ဆံဖို့ သွန်သင်တတ်တယ်။

၇ - လူတွေ အတူတကွရှိရတဲ့ အကြောင်းကို သင်ပေးတယ်။ မိတ်ဆွေသူငယ်ချင်းတွေရဲ့တန်ဖိုး၊ လူ့အသိုင်းအဝိုင်းရဲ့တန်ဖိုးတွေကို သင်ပေးတယ်။

၈ - ဘယ်လို လွပ်လပ်စွာ နေထိုင်ရမယ်ဆိုတာကို သူကိုယ်တိုင်နေပြတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top