iMyanmarHouse.com - Best Property Website for Myanmar
×

သူက ကိုယ့်ကို သိပ်ပြီး မတွယ်တာခင်မှာ ကိုယ်က တွယ်တာမိတာလောက် မိန်းကလေးတစ်ယောက်အတွက် စိတ်ညစ်စရာကောင်းတာ မရှိပါဘူး။ သူ့ဘက်က ကိုယ့်အပေါ် ဘယ်လောက်အထိ အလေးအနက်ထားလဲ မသိရခင်မှာ ကိုယ့်ဘက်က သူ့ကို စတင် မစွဲလမ်းမိအောင် ဒီအချက်တွေ ပြုလုပ်သင့်ပါတယ်။

၁။ ဝါသနာတွေ ထားရှိပါ

သင့်မှာ အချိန်တွေ ကုန်ဆုံးဖို့ လုပ်စရာတွေ အများကြီးရှိပါတယ်။ လူတစ်ယောက်အကြောင်း စဉ်းစားဖို့ အချိန်နည်းသွားတာပေါ့။ အဲဒါတင်မကဘူး။ သူနဲ့ မသက်ဆိုင်တဲ့ ပန်းတိုင်တွေနဲ့ စိတ်ဝင်စားမှုတွေ ရှိဖို့ လိုပါတယ်။

၂။ တတ်နိုင်ရင် တခြားအမျိုးသားတွေနဲ့လည်း တွေ့ပါ

သင်နဲ့ သူ့ရဲ့ဇာတ်လမ်းက အတည်မဖြစ်သေးဘူးဆိုရင် တခြားအမျိုးသားတွေနဲ့လည်း တွေ့ပါ။ စိတ်ဝင်စားမှုကို ဖြန့်ကျက်ထားလိုက်ရင် သူ့အပေါ် စွဲလမ်းမှု လျော့သွားပါလိမ့်မယ်။ သူသာ ကိုယ့်အပေါ် တကယ်ချစ်တာ မဟုတ်ဘူးဆိုရင် ကိုယ့်ဘေးမှာ တခြားသူတွေလည်း ရှိနေသေးတဲ့အတွက် သင် သိပ်မခံစားရတော့ဘူးပေါ့။

၃။ ဖုန်းကို ချထားလိုက်ပါ

ဖုန်းကိုင်ပြီး သူ့ဆီကစာတွေ၊ ဖုန်းတွေ လာမလား စစ်ဆေးနေတာတွေ ရပ်လိုက်ပါ။ သူက သင့်ဆီကို ငါးစက္ကန့်တစ်ခါ စာပို့နေမှာ မဟုတ်ပါဘူး။ ဖုန်းကို တခြားအခန်းတစ်ခန်းထဲ ထည့်ပြီး လုပ်စရာ တစ်ခုခု လုပ်နေလိုက်ပါ။

၎။ သီးခြားသူငယ်ချင်းတွေ ထားရှိပါ

သူ့ကို ကိုယ့်ဘဝအတွက် အတည်တကျ မရွေးချယ်မချင်း သူ့ကို သင့်ရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်မပေးပါနဲ့။ သူက သင့်ဘေးနားမှာ တကပ်ကပ်ပါမနေဘူးဆိုရင် သူ့ကို စွဲလမ်းမှုဖြစ်ဖို့ အခွင့်အရေးလည်း နည်းသွားပါလိမ့်မယ်။

၅။ သူ့ကို ဖေ့စ်ဘွတ်မှာ ချောင်းမြောင်းမနေပါနဲ့

သူ့မိသားစုနဲ့ လျှောက်လည်တာတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ပါးနေတဲ့ဓာတ်ပုံတွေကို ကြည့်ဖို့ မလိုပါဘူး။ သူ့အကြောင်းသိဖို့ ဖေ့စ်ဘွတ်မှာ တစ်ကြိမ်တစ်ခါဆို ရပါပြီ။ အပြင်မှာလည်း တွေ့ဆုံ အကဲခတ်ပါ။ သင် အင်တာနက်ဝင်တိုင်း သူ့ရဲ့ပရိုဖိုင်ထဲကို ဝင်ကြည့်မနေသင့်ပါဘူး။

၆။ သူ့အတွက် သင့်အစီအစဉ်တွေကို မဖျက်ပစ်ပါနဲ့

သင့်ရဲ့ခံစားချက်တွေ ပြင်းထန်မလာစေချင်ဘူးဆိုရင် သူဟာ သင့်ဘဝရဲ့ ပထမဦးစားပေး မဖြစ်ပါစေနဲ့။ သူ့အတွက်နဲ့ သင်လုပ်မယ့်အရာတွေကို ပြောင်းလဲမပစ်ပါနဲ့။ သင့်မှာ ပျော်စရာကောင်းတဲ့ ဘဝတစ်ခုရှိတယ်ဆိုတာကို ပြပါ။ သူက အဲဒီဘဝထဲကို ဝင်ချင်ရင် ကြိုးစားပါလိမ့်မယ်။

၇။ တချို့အကြောင်းအရာတွေကို သူ့ကို မပြောပါနဲ့ဦး

သင်နဲ့ သင့်အစ်မ ရန်ဖြစ်တဲ့အကြောင်းတွေ၊ အမေနဲ့ အဖေနဲ့ ပြဿနာတွေကို သူသိဖို့ မလိုသေးပါဘူး။ သူနဲ့ လေးနက်တဲ့ ဆက်ဆံရေးတစ်ခု မရောက်မချင်း သင့်ရဲ့ဘဝတစ်စိတ်တစ်ဒေသကို မပြောဘဲ ထိန်းထားသင့်ပါတယ်။

၈။ ကိုယ်ကစပြီး လူတကာနဲ့ မိတ်ဆက်ပေးတာမျိုး မလုပ်ပါနဲ့

သူက သင့်ကို တစ်သက်တာအတွက် ရည်ရွယ်တာမျိုး ဖြစ်မလာခင် သူ့ကို သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သင့်မိဘတွေ၊ သင့်အရင်းနှီးဆုံးသူတွေနဲ့ မိတ်ဆက်မပေးပါနဲ့။ သူတို့က သူ့ကို မသိသေးရင် သူ့အကြောင်းမေးပြီး သင် သူ့ကိုသတိရမိအောင် မလုပ်ပါဘူး။ အဲဒီတော့ ဘာမှမသေချာခင် ဘယ်သူမှ မသိပါစေနဲ့။

၉။ တစ်နေကုန် ဒါမှမဟုတ် တစ်ညလုံး သူနဲ့အတူရှိမနေပါနဲ့

သူနဲ့ အတူ ညဘက်လျှောက်လည်ချင်လည်ပါ။ ဒါပေမဲ့ ဘယ်အရာမှ မသေချာသေးခင် လိုအပ်တာထက် အချိန်ပိုကြာအောင် သူနဲ့အတူ ရှိမနေပါနဲ့။ သူ့ဘက်ကစလာပြီး သူနဲ့ တစ်ညလုံး အတူလျှောက်လည်ဖို့ ခေါ်ရင်လည်း သဘောမတူပါနဲ့။ ကိုယ့်အိမ်ကိုယ်ပြန်ပြီး သူနဲ့ လျှောက်လည်ဖို့ကို ချစ်သူတွေဖြစ်မှ လုပ်ဖို့ သိမ်းထားလိုက်ပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top