iMyanmarHouse.com - Best Property Website for Myanmar
×

(၁) စောစောထပါ

တစ်နေ့ကို ၉ နာရီထက် ပိုအိပ်ခြင်းက စိတ်ကျရောဂါကို ပိုဖြစ်စေနိုင်ပါတယ်။ စောစောအိပ် စောစောထတာက လူကို သွက်လက်ပေါ့ပါးစေပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ဖို့ မကြိုက်ဘူး၊ အချိန်မပေးနိုင်ဘူး ဆိုရင်တောင်မှ သောကတွေပြေလျော့ဖို့ အကောင်းဆုံးက လေ့ကျင့်ခန်းလုပ်တာပါပဲ။ ကြိုးခုန်တာမျိုး၊ ထိုင်ထနဲ့ ယောဂလေ့ကျင့်ခန်းတွေက လွယ်ကူထိရောက်ပါတယ်။ ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုရင် လမ်းလေးတော့လျှောက်ပေးပါ။

(၃) ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာ

မနက်စာကို ကောင်းကောင်းစားပေးမှ တစ်နေ့လုံးအတွက် ခွန်အားတွေရှိမှာပါ။ နံနက်စာ သေသေချာချာစားဖို့အချိန်မရှိရင် ဥအမျိုးမျိုး၊ ကွေကာ၊ ကြက်ဥကြော်၊ သစ်သီးနဲ့ကိတ် တို့ကို ရွေးချယ်နိုင်ပါတယ်။

(၄) ကော်ဖီလျှော့ပါ

အာရုံတွေလန်းဆန်းဖို့အတွက် ကော်ဖီက လိုအပ်တာမှန်ပါတယ်။ ဒါပေမဲ့ အိပ်ယာထထချင်း သောက်ဖို့တော့မဟုတ်ပါဘူး။ နံနက်ပိုင်းမှာ ကော်ဖီကို အများကြီးမသောက်ပါနဲ့။

(၅) အချိုလျှော့ပါ

သွေးထဲမှာ အချိုဓာတ်များတဲ့အခါ စိတ်ဖိစီးမှုတွေ ပိုဆိုးတတ်ပါတယ်။ အချိုများများစားပြီး သွေးထဲမှာ အချိုဓာတ်များနေခြင်းက လူကို ပိုမိုပင်ပန်းလွယ်စေနိုင်ပါတယ်။

(၆) ရေသောက်ပါ

နံနက်ခင်းမှာ သစ်သီးဖျော်ရည်နဲ့ လက်ဖက်စိမ်းရေနွေးကို မသောက်နိုင်ဘူးဆိုရင်တော့ ရေများများသောက်တာ ပိုကောင်းပါတယ်။ ဒါမှမဟုတ် လီမွန်သံပုရာလေးနည်းနည်းထည့်ထားတဲ့ Lemon Water ပေါ့။ ရေဓာတ်ခမ်းခြောက်နေတဲ့အခါ ရောဂါတွေကို နာတာရှည်စေနိုင်ပါတယ်။ ဇီဝဖြစ်စဉ်တွေ ပုံမှန်ဖြစ်ဖို့၊ အစာကြေစေဖို့၊ စွမ်းအင်မြှင့်တင်ဖို့၊ အသားအရည်ကျန်းမာဖို့ နံနက်ခင်းမှာ ရေများများသောက်သင့်ပါတယ်။



Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top