iMyanmarHouse.com - Best Property Website for Myanmar
×

အစားကို ၀ါးစားတဲ့အကြိမ် အရေအတွက်များတာနဲ့နည်းတာက ကိုယ်ခန္ဒာပြောင်းလဲမှုအတွက် များစွာထိရောက်စေမှာပါ။ ဒီတခေါက်တော့ အစာကြေညက်အောင်ဝါးရင်းနဲ့ (slim) ပိန်သွယ်စေသောနည်းလမ်းကို မိတ်ဆက်ပေးပါမယ်။

★★ ဝါးစားတဲ့ အကြိမ်အရေအတွက်များလေလေ ပိုပြီး သွယ်လျလာလေလေ
★ အစာကိုကြေညက်အောင် ဝါးစားတဲ့ အလေ့အထတစ်ခုဟာ ဝိတ်ချနည်းနဲ့တော့ တိုက်ရိုက် မပတ်သတ်ပါဘူး။ ဒါပေမယ့် ကြာကြာဝါးလေ ဝါးသလောက်ဗိုက်တင်းလာတယ်လို့ခံစားရပါမယ်။ နောက်ဆို အစာနည်းနည်းစားပြီးရင်တောင် ဗိုက်တင်းသွားပါလိမ့်မယ်။ ထပ်ပြီးတော့ ဦးနှောက်လှုပ်ရှားမှုအတွက်ထိရောက်ပြီး တဇွတ်ဇွတ်စားနေတာကိုလည်း ကာကွယ်ပေးနိုင်တဲ့အတွက် ဝိတ်ကျအောင်ထိန်းထားပေးနိုင်ပါတယ်။

★★ ပီကေကို ဆောင်ထား ကြရအောင်
★ ချိုလွန်းတဲ့ ချောကလတ် သကြားလုံးတွေကို ခဏ မေ့ပစ်လိုက်ပြီး ပီကေကို အိတ်ဆောင်ထားပြီး နေ့စဉ်လမ်းလျှောက်ထွက်တိုင်းမမေ့ဘဲယူသွားပါ။ ပီကေက ပါးစပ်ထဲမှာရှိနေရင် မဝါးဘဲနဲ့ မနေနိုင်တာကြောင့် အခြားသရေစာတွေ မစားဘဲနဲ့ ဗိုက်ပြည့်စေနိုင်တဲ့ အကျိုးကျေးဇူးကို ရရှိစေမှာပါ။နောက်ပြီး ပါးစပ်အနံ့ဆိုးထွက်ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ ချွင်းချက်အနေနဲ့တော့ သွားပိုးမစားရလေအောင် အချိုဓာတ် မပါတဲ့ပီကေ(Non-Sugar Gum)ကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။ တစ်ခု သတိထားရမှာက ပီကေဝါးနေရင်း အခြားသူတွေကို စကားပြောတာမျိုး မလုပ်မိအောင်သတိထားပါ။ ပီကေဝါးနေရင်းစကားပြောရင် ကိုယ့်ရဲ့ အမူအရာက ရိုင်းပြသလို ဖြစ်စေနိုင်တဲ့ အတွက်သတိထားပါ။

★★ ဟင်းသီးဟင်းရွက်ကို ကြီးကြီးလှီးဖြတ်ပြီး စားပါ
★ ကိုယ်တိုင်ချက်ပြတ်စားသောက်တဲ့အခါမှာ အသီးအရွတ်တွေကို ခပ်ကြီးကြီးလှီးဖြတ်ပြီး စားပါ။ ခပ်ကြီးကြီးလှီးဖြတ်ထားတော့ ကြေညက်အောင် ဝါးရတဲ့ အကြိမ်အရေအတွက်လည်းများလာပါမယ်။ အကောင်းဆုံးအကြံဥာဏ်ပေးချင်တာကတော့ ရေနွေးနွေးလေးနဲ့ ပြုတ်ပြီးတော့စားပါ။ မူလအရသာကို ခံစားနိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်းအလွန် အထောက်အကူပြုပါတယ်။ မီးအပူနဲ့ ပြုတ်ထားတဲ့အတွက် အအေးမိခြင်းအတွက်လည်း ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို သေးသေးလေး မလှီးဖြတ်ဘဲ ကြီးကြီးလေးလှီးပါ။
ဟင်းသီးဟင်းရွက်အစိမ်းထက်ရေနွေးနဲ့ ပြုတ်စားခြင်းကတော့ အကောင်းဆုံးပါ။

★★ ရိုးရိုးဆန်ထက် အဆီအစိမ်ဓါတ်နည်းပါးသော ဆန်လုံးညို (စီရီရယ်) ကို စားပါ
★ ဆန်လုံးညိုရယ် ကောက်ပဲသီးနှံများဖြင့် ပြုလုပ်ထားတယ့် အစားအစာတွေက ရိုးရိုးထမင်းထက် အာဟာရ ပိုကြွယ်ဝပါတယ်။ ဖြည့်စွက်အစာ အာဟာရ ဘီတာမင်ဘီအုပ်စုဖြစ်ပြီး သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပါတယ်။ ခန္ဒာကိုယ်ကျန်းမာသန်စွမ်းဖို့ပရိုတင်းဓါတ်လည်း ပါဝင်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့ အစားအစာကို ပြောင်းလဲလိုက်တာနဲ့ လျှပ်တပြတ်အချိန်အတွင်းမှာ ပိန်လာပါလိမ့်မယ်။

★★ ဆိတ်သားစားကြည့်ပါ
★ မာကြောတဲ့ အသားတွေထဲမှာ ဝါးရင်ဝါးသလောက် အရသာရှိမဲ့ အသားကို ပိုပြီး စားချင်မှာပေါ့နော်။ ဒီနေရာမှာ အကြံပေးချင်တာတစ်ခုက အိန္ဒိယ အစားအစာတစ်ခုဖြစ်တဲ့ ဆိတ်သားဟင်းလျာဟာ အနံ့စူးပေမယ့် စားပါများလာရင် ခံတွင်းတွေ့လာပါလိမ့်မယ်။ တလက်စတည်း ဆိတ်သားမှာ ဖြည့်စွက်အာဟာရဓါတ် ပါဝင်ပြီး ချွေးထွက်စေတဲ့ အာဟာရဓါတ်လည်းအပြည့် အဝပါဝင်ပါတယ်။ ချွေးမထွက်တဲ့ မိန်းကလေးတွေအတွက်ကတော့ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ စူပါမားကပ်တွေ စတိုးဆိုင်တွေမှာအလွယ်တကူဝယ်ယူနိုင်ပြီး အိမ်မှာလည်း ပြင်ဆင်စားသောက်ဖို့ အဆင်ပြေတော့ ချက်ပြုတ်စားကြည့် ရအောင်လား။

★★ အပြင်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အလွယ်တကူလုပ်စားလို့ရတဲ့ ရေဘဝဲ (ဝါဆာဘိ) ဟင်းလျှာ
★ ပင်လယ်အတွင်းမှာရှိတဲ့ ရတနာတွေထဲက ရေဘဝဲဟာဆိုရင်လည်း သွားအတွက်ကောင်းမွန်တဲ့အပြင် ကယ်လိုရီကိုလျှော့ချပေးနိုင်တာတခုထဲမဟုတ်ပဲ၊ သွေးထဲမှာရှိတဲ့ ကိုလက်စရောတွေကိုလည်း လျှောချပေးတဲ့အပြင် သံဓါတ်ကိုလည်း ဖြည့်စီးပေးပါလိမ့်မယ်။ ရေဘဝဲကိုအသုံးပြုထားတဲ့ ကျန်းမာရေးအစားအစာဖြစ်တဲ့ ရေဘဝဲဝါဆာဘိ(Tako wasabi) ဟာ အိမ်မှာဘဲဖြစ်ဖြစ်စားသောက်ဆိုင်ဖြစ်ဖြစ်လွယ်ကူစွာ ချက်ပြုတ်စားသောက်နိုင်ပါတယ်။

Credit: Chelmo Tips
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top