iMyanmarHouse.com - Best Property Website for Myanmar
×

ကျွန်ုပ်တို့အားလုံး ရွှေလက်ဝတ်လက်စားတွေ ဝတ်ဆင်ရတာ နှစ်သက်ကြပေမယ့် ဒီ ပြောင်လက်တောက်ပတဲ့ ဒီသတ္တုအကြောင်း လူသိ ပိုနည်းတဲ့ အချက်တချို့ရှိပါတယ်။

အိုလံပစ်ရွှေတံဆိပ်ဟာ ရွှေနဲ့လုပ်ထားတာမဟုတ်

အိုလံပစ်ရွှေတံဆိပ်မှာ ရွှေ ၁% လောက်ပဲ ပါဝင်ပါတယ်။ ကျန်တာက အကြမ်းအားဖြင့် ငွေထည် ၉၂% နဲ့ ကြေးနီ ၆% နဲ့ ဖွဲ့စည်းထားပါတယ်။ အိုလံပစ်အားကစားပွဲတော်မှာ ရွှေဖြင့် အတိပြီးတဲ့ ဆုတံဆိပ်တွေ နောက်ဆုံး ပေးအပ်ချီးမြင့်ခဲ့တာ ၁၉၁၂ ခုနှစ် ဖြစ်ပါတယ်။

ဆဲလ်ဖုန်းတွေမှာ ရွှေတွေ ပါဝင်နေ

ဆဲလ်ဖုန်း ကီလို ၉၀၀ စုလိုက်မယ်ဆိုရင် သတ္တုရိုင်းတွေ လေးတဲ့အလေးချိန်ထက် ရွှေအလေးချိန် ပိုများပါလိမ့်မယ်။ သမုဒ္ဒရာထဲရှိ ရွှေတွေအားလုံး စုလိုက်ပါက ကမ္ဘာမှာရှိတဲ့ လူအယောက်တိုင်း ၄ ကီလို ပိုင်ဆိုင်ရန် လုံလောက်တယ်လို့  သိရပါတယ်။

မျိုချနိုင်

ရွှေက ဇီဝဖြစ်စဉ်နဲ့ ဓာတ်မပြုပါ။ ဒီတော့ ခန္ဓာကိုယ်အဖွဲ့အစည်းထဲ စုပ်ယူမှုမခံရဘဲ အစာခြေလမ်းကြောင်းကတဆင့် ဖြတ်သွားနိုင်တဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါပေမယ့် မမျိုချဖို့တော့ ကျွမ်းကျင်ပညာရှင် အများစုက အကြံပြုထားပါတယ်။

ရွှေအကြောက်လွန်ရောဂါ

အများစုအတွက် နားလည်သဘောပေါက်ဖို့ ခက်ခဲနိုင်ပါလိမ့်မယ်။ ဒါပေမယ့် တချို့လူတွေ ရွှေ ဒါမှမဟုတ် တခါတရံ ရွှေထည်ပစ္စည်းတွေကိုတောင် အကြောင်းမဲ့ အကြောက်လွန်ဝေဒနာ ခံစားကြပါတယ်။ ရွှေကို မြင်လိုက်တာနဲ့ (သို့) ရွှေအကြောင်း ပြောဆိုလိုက်တာနဲ့ ပျို့အန်ချင်စိတ် ဖြစ်ခြင်း၊ မူးနောက်ခြင်းနဲ့ ကြောက်စိတ်မွှန်ခြင်း ဖြစ်စေတတ်ပါတယ်။

ရွှေနားကပ်နောက်ကွယ်က အံ့ဖွယ်အကြောင်း

ဥရောပ သင်္ဘောသားတွေဟာ ရွှေနားကပ် ဝတ်ဆင်လေ့ရှိကြပါတယ်။ ဖက်ရှင်အတွက်တော့ မဟုတ်ပါဘူး။ သူတို့ရေနစ်သေလို့ ရုပ်အလောင်းပေါ်လာတဲ့အခါ သင့်တင့်လျောက်ပတ်တဲ့ ခရစ်ယာန် ထုံးတမ်းစဉ်လာအရ မြေမြုပ်သဂြိုင်္လ်ဖို့ ကုန်ကျစရိတ်အဖြစ် အသုံးပြုနိုင်အောင်လို့ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top